ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ရန်ကုန်တွင် ဆောက်လုပ်ရေးဆိုင်ရာ အကြီးဆုံး ထုတ်ကုန်ပြပွဲ ကျင်းပမည် . . . Buildermall e-commerce Platform ၏ CEO ဖြစ်သူ ဒေါက်တာတေဇာဟိန်း နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၆ ၊  ဧပြီ ၁

    မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) ၏ နှစ် (၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် “Build-Smart & Biggest Myanmar Production Expo 2026” ကုန်စည်ပြပွဲကြီးကို မေလ ၁၅ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့ရှိ Yangon Conv ention Centre (YCC)  တွင် ကျင်းပသွားမည်ဖြစ်ကာ အဆိုပါ ပြပွဲနှင့်ပတ်သက်၍ Buildermall platform  ၏ CEO ဖြစ်သူ ဒေါက်တာ တေဇာဟိန်းနှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ အစ်ကို့နာမည်လေးနဲ့ အစ်ကို ဘယ်အဖွဲ့အစည်းကလဲ၊ ဘာတာဝန်တွေ ယူထားလဲဆိုတာကို အရင်ပြောပြပေးပါ။
Dr TZH    ။    ။
ကျွန်တော့်နာမည်က ဒေါက်တာ တေဇာဟိန်း (ခ) Nitesh Verms ပါ။ ကျွန်တော်ကတော့ Buildermall ပွဲစီစဉ်သူနဲ့ Buildermall e-commerce Platform ရဲ့ CEO ဖြစ်ပါတယ်။ Buildermall ကတော့ အိမ်ဆောက် ပစ္စည်းတွေဖြစ်တဲ့ အုတ်၊ သဲ၊ ကျောက်ကနေ စပြီး အချောထည်အထိကို ဝန်ဆောင်မှုပေးနေတဲ့ One-Stop Service e-commerce platform တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Supplier တွေ၊ ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ အိမ်ခြံမြေကုမ္ပဏီတွေအားလုံးအတွက် Online ရော၊ Offline ရော Platform တွေ ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။ အခုဆိုရင် ဧပြီ ၁၅၊ ၁၆၊ ၁၇ ရက်မှာ ကျင်းပနေတဲ့ Expo ကတော့ ခြောက်ကြိမ် မြောက် ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာ MCEF (မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်)ရဲ့ နှစ် (၃၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကိုလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ကျင်းပဖို့ MCEF ကနေ ရွေးချယ်ပေးခဲ့ပါတယ်။

TREND    ။    ။ အစ်ကိုတို့က ဒီဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ ပစ္စည်းအားလုံးကို အစ်ကိုတို့ တာဝန်ယူဖြန့်ချိပေးတယ်ဆိုတော့လေ၊ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ Quality မပြည့်တာတွေလည်းရှိတယ်။ နောက်ပိုင်းမှာ Quality ဘယ်လိုထိန်းထားလဲ၊ အစ်ကိုတို့ ဒါကတော့ ဈေးကွက်ထဲကို ဖြန့်တဲ့အနေအထားမှာ ဘယ်လိုမျိုးစစ်ဆေး ချမှတ်နေလဲဆိုတာလေးလည်း ရှင်းပြပေးပါဦး။ 
Dr TZH    ။    ။
ဟုတ်ကဲ့၊ အဓိကပေါ့နော်၊ ကျွန်တော်တို့ကကျတော့ ဖြန့်ချိတဲ့ကုမ္ပဏီ မဟုတ်ပါဘူး။ ပစ္စည်းသွင်းလာတဲ့ supplier တွေကို platform ပေးတဲ့ ကုမ္ပဏီ ဖြစ်တယ်။ စောစောက မေးခွန်းမေးတာလည်း မှန်ပါတယ်။ တစ်ချိန်တုန်းကတော့ ကွာလတီအကောင်း၊ အဆိုးကြောင့် အခက်အခဲတွေ့ရတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ နိုင်ငံတော်ကလည်း တော်တော်များများကို  (အရည်အသွေးကို) စစ်ဆေးတာတွေ၊ တင်းကျပ်တာတွေ လုပ်လာတယ်။ အခုနောက်ပိုင်း QC (Quality Control) အပိုင်းမှာလည်း တော်တော်လေးကို ဂရုစိုက်လာကြတယ်။ ဒါ့အပြင် သွင်းကုန်လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကလည်း အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို ပိုပြီး ဂရုတစိုက် တင်သွင်းလာကြတာကို တွေ့ရတယ်။ ဒါကြောင့်မို့ လို့လည်း အခုနောက်ပိုင်း ရန်ကုန်မှာ ပဲဖြစ်ဖြစ်၊ မန္တလေးမှာပဲဖြစ်ဖြစ် အဆောက်အအုံတွေရဲ့ ပုံစံတွေက အရင်ကထက်ပိုပြီးတော့ ခေတ်မီလာတယ်။ နောက်တစ်ခုက အရင်တုန်းကဆိုရင် အဆောက်အအုံ တစ်ခု ဆောက်မယ်ဆိုရင် မြေဆီလွှာစစ်ဆေးတာ (Soil Test) ကို အရမ်းကို ရိုးရိုးရှင်းရှင်းပဲ လုပ်ခဲ့ကြပေမယ့် အခုဆိုရင် ငလျင်ဒဏ်ခံနိုင်ရည် (Earthquake Endurance) ဘယ်လောက်ရှိမလဲ၊ ဘယ်လိုသံချောင်းမျိုးတွေကို သုံးမလဲဆိုတာအထိကို စနစ်တကျ စစ်ဆေးလာကြတာကို တွေ့ရတယ်။ သွင်းကုန်ပစ္စည်းတွေကလည်း အရည်အသွေး ပိုကောင်းလာတာကို တွေ့ရပါတယ်ခင်ဗျာ။

TREND    ။    ။ အခုလို ပြပွဲတွေ ကျင်းပတဲ့အခါမှာ ဝယ်ယူမယ့်သူတွေ (Customers) အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။ ဒီလိုပြပွဲတွေကို ဘာကြောင့် လာရောက်သင့်လဲဆိုတာ သိချင်ပါတယ်ဆရာ။
Dr TZH     ။    ။
ကျွန်တော် အဓိကပြောချင်တာကတော့ ကျွန်တော်တို့ရဲ့ ဒီလိုပြပွဲမျိုးတွေဟာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကမှ လူတွေသွားလာတဲ့ အလေ့အကျင့်မျိုး ဖြစ်လာတာပါ။ ဒါပေမဲ့ နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင်တော့ စီးပွားရေးလုပ်ငန်း တော် တော်များများဟာ ဒီလိုပြပွဲတွေ တက်ရောက်တဲ့အပေါ်မှာ လုပ်ငန်းချင်း ချိတ်ဆက်မှုတွေ အများကြီး ဖြစ်ထွန်းကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ကွန်ရက်အသစ်တွေ (New Communities) ကိုလည်း တွေ့ကြရပါတယ်။ ဒါကို ကျွန်တော်တို့က ကဏ္ဍနှစ်ခုခွဲပြီး ပြောပြချင်ပါတယ်။ပထမဦးဆုံးအနေနဲ့ B2B ကဏ္ဍ (Business to Business) ဥပမာ- ကိုယ်က ဆိုင်တစ်ဆိုင်ဖွင့် ထားတယ်ဆိုရင် ကိုယ့်ဆီကို Marketing လာဆင်းတဲ့ Supplier နဲ့ပဲ ကိုယ်က သိနိုင်မယ်၊ ဒါမှမဟုတ် အွန်လိုင်းမှာရှာတွေ့တဲ့ Supplier ကိုပဲ သိနိုင်မယ်။ ဒါပေမဲ့ ဒီလိုပြပွဲမျိုးမှာဆိုရင်တော့ Supplier အများကြီးကို တစ်နေရာတည်းမှာ တွေ့နိုင်ပါတယ်။ အဲဒီအပြင် သူတို့ရဲ့ ထုတ်ကုန်အသစ် (New Products) တွေနဲ့လည်း မိတ်ဆက်ပေးနိုင်ပါတယ်။ 

TREND    ။    ။ ပြပွဲမှာ ပြခန်းပေါင်းဘယ်လောက် ပါဝင်သွားမလဲဆိုတာလည်း သိပါရစေ။
Dr TZH    ။    ။
ပြခန်းပေါင်းကတော့ ၂၅၀ ကျော် ပါဝင်ပြသမယ်။  ပြခန်းတွေကတော့ A Booth, B Booth အပြင် အသေးစားလုပ်ငန်းရှင်များအတွက် Budget Booth ပါ စီစဉ်ပေးထားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်အချို့က ပြပွဲတွေမှာ ပါဝင်ပြသဖို့က အကျိုးအမြတ် ရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်များ ရှိတတ်ကြပါတယ်။ ကြောက်စိတ်ရှိကြတယ်။ ဒီစိုးရိမ်စိတ်တွေကို လျှော့ချနိုင်ဖို့ လုပ်ငန်းရှင်တွေကို စီစဉ်ပေးထားတာရှိတယ်။ သုံးရက်တာအတွင်း လာရောက်စမ်းသပ် ပြသကြည့်ရန် တိုက်တွန်းချင်ပါတယ်။ အိမ်ခြံမြေ အရောင်းပြပွဲကာလအတွင်းမှာ အချို့သော ဆောက်လုပ်ရေး ကုမ္ပဏီများက အိမ်ဝယ်ယူပါက ပရိဘောဂ (Furniture) များ အခမဲ့ထည့်ပေးခြင်း၊ အချို့ကုမ္ပ ဏီများသည် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ဈေး (Discount)ပေးခြင်း စသည့် အထူးအခွင့်အရေးများ ရှိနေပါတယ်။ ပြပွဲက ရန်ကုန်မြို့ရှိ Yangon Convention Center (YCC) မှာ မေလ ၁၅၊ ၁၆၊ ၁၇ မှာကျင်းပမယ့် မြန်မာနိုင်ငံ၏ အကြီးဆုံးထုတ်ကုန်ပြပွဲ (Biggest Production Expo)ကို လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ တိုးတက်ပြောင်းလဲ နေသောကြောင့် လူကြီးမင်းတို့အနေဖြင့် ခေတ်နှင့်အညီ ဗဟုသုတများ တိုးပွားစေရန် (Updateဖြစ်စေရန်)၊ လုပ်ငန်းခွင်အတွင်းချိတ်ဆက်မှု (Network) များ ပိုမို ကျယ်ပြန့်လာစေရန်၊ နိုင်ငံတကာအဆင့်မီခံစားချက် (International Standard Feeling) မျိုးကိုရရှိနိုင်ရန်အတွက် ပြပွဲကို မဖြစ်မနေတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

TREND    ။    ။ အိမ်ခြံမြေ ဆောက်လုပ်ရေးပစ္စည်း ဈေးကွက် အခြေအနေလေး သုံးသပ်ပေးပါဦး။
Dr TZH    ။    ။
လက်ရှိ အိမ်ခြံမြေဈေးကွက်က အစိုးရအပြောင်းအလဲအပေါ် မူတည်နေသလို စီးပွား ရေးလုပ်ငန်းတွေလည်း တဖြည်းဖြည်းပြန်လည်ဦးမော့ လာနေပြီဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးတွေနဲ့ သွင်းကုန် (Import) ပိုင်းမှာ အဆင်ပြေချောမွေ့လာတာတွေ ရှိနေတဲ့အတွက် အနာဂတ်မှာ အိမ်ခြံမြေဈေးကွက် ပိုမို ကောင်းမွန်လာဖို့ ရှိပါတယ်။ အင်မတန်ကောင်းတဲ့အပြင်ကို မကြာခင်က ငလျင်ဒဏ်ခံခဲ့ရပြီး နောက်ပိုင်းမှာ အစိုးရ၊ ကုမ္ပဏီတွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေက အရည်အသွေးပိုင်းကို ပိုမိုဂရုစိုက်လာကြပြီး ပစ္စည်းကောင်းတွေကိုသာ တင်သွင်းလာကြပါတယ်။ အိမ်ခြံမြေဝန် ဆောင်မှုကဏ္ဍအနေနဲ့  အိမ်ဆောက်ပစ္စည်းဈေးကွက်က လက်ရှိ အိမ်ခြံမြေဈေးကွက်ဟာ အစိုးရ အပြောင်းအလဲ အပေါ်မူတည်နေ သလို စီးပွားရေးလုပ်ငန်းတွေလည်း တဖြည်းဖြည်း ပြန်လည်ဦးမော့လာနေပြီ ဖြစ်ပါတယ်။ နယ်စပ်ကုန် သွယ်ရေးတွေနဲ့ သွင်းကုန် (Import)ပိုင်းမှာ အဆင်ပြေချောမွေ့လာတာတွေ ရှိနေတဲ့အတွက် အနာဂတ်မှာ အိမ်ခြံမြေဈေးကွက် ပိုမို ကောင်းမွန်လာဖို့ ရှိပါတယ်။ အင်မတန်ကောင်းတဲ့အပြင်ကို မကြာခင်က ငလျင်ဒဏ်ခံခဲ့ရပြီး နောက်ပိုင်းမှာ အစိုးရ၊ ကုမ္ပဏီတွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေက အရည်အသွေးပိုင်းကို ပိုမိုဂရု စိုက်လာကြပြီး ပစ္စည်းကောင်းတွေကိုသာ တင်သွင်းလာကြပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှုကဏ္ဍ အနေနဲ့ အိမ်ဆောက်ပစ္စည်းဈေးကွက်က နောက်ထပ် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ထိုင်း၊ လာအိုနဲ့ ဗီယက် နမ်နိုင်ငံတွေရဲ့ အဆင့်အတန်းမျိုးအထိ တက်လှမ်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဝယ်ယူသူ (Buyer) တွေရဲ့ အမူအကျင့်မှာလည်း သိသာတဲ့ ပြောင်းလဲမှုတွေရှိလာပါတယ်။ ဥပမာအားဖြင့် အရင်က အခြေခံ အုတ်မြစ် (Foundation) ချတဲ့နေရာမှာ ငါးမူးလုံး (သံချောင်းဆိုဒ်)ကိုသာ သုံးခဲ့ကြပေမယ့် အခုအခါမှာတော့ ငလျင်ဒဏ်ကိုထည့်သွင်းစဉ်းစားပြီး သုံးမူးလုံး (သို့မဟုတ်) တစ်လက်မလုံး စတာတွေကို သုံးစွဲရ မယ်ဆိုတဲ့ အသိပညာ (Awareness) နဲ့ ဝယ်ယူမှုပုံစံတွေ ပြောင်းလဲလာတာကို တွေ့ရပါတယ်။ လူတွေရဲ့ ပစ္စည်းတစ်ခုအပေါ် ဝယ်ယူအသုံးပြုပုံ (Buying Behavior)ဟာ တဖြည်းဖြည်းချင်း အခြေခံကျကျ ပြောင်း လဲလာပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိလာမယ်လို့ ယူဆပါတယ်။

TREND    ။    ။ ဆောက်လုပ်ရေးပစ္စည်း ဈေးကွက် ဈေးနှုန်းမြင့်တက်မှုတွေ ရှိခဲ့တယ်။ ဈေးနှုန်းနဲ့ပတ် သက်ပြီးမှန်ကန်အောင် ဘယ်လိုဆောင်ရွက်သင့်လဲ။
Dr TZH    ။    ။
ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်း အတက်အကျကတော့ အနည်းငယ်ရှိခဲ့တယ်။ လက်ရှိမှာတော့ အချို့သော ပစ္စည်းဈေးနှုန်းတွေဟာ တည်ငြိမ်လာ ပြီး ပိုမိုမှန်ကန်တဲ့ ဈေးနှုန်းတွေဖြစ်လာပါပြီ။ မြန်မာနိုင်ငံ ရဲ့ဈေးကွက်ဟာ ပွင့်လင်းမြင်သာမှုရှိတဲ့အတွက် တစ်ဦးတစ်ယောက်တည်းက ဈေးတင် ရောင်းလို့မရပါဘူး။ အခုလို MCEF(မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းချုပ်) ကဲ့သို့သော အဖွဲ့အစည်းများ၊ အစု အဖွဲ့တွေရှိတဲ့အတွက်ကြောင့် ဈေးနှုန်းတွေကို ထိန်းချုပ်နိုင်လာမှာ ဖြစ်ပါတယ်။ နောက်ပိုင်းလည်း အဆင်ပြေသွားမှာပါ။

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
Dr TZH    ။    ။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအဆောက်အအုံ (Infrastructure) ဟာ အဓိကကျပြီး ဆောက်လုပ်ရေးလုပ်ငန်းဟာလည်း အဓိကကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်မှာ ဆောက်လုပ်ရေးကဏ္ဍမှာရှိတဲ့လူတွေကို အကြံပေးချင်တာကတော့ အရည်အသွေးကောင်းမွန်တာကို လုပ်ဆောင်ပါ၊ မှန်ကန်တဲ့ ဈေးနှုန်းကိုပေးပါဆိုတာပါ။ သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ အနေနဲ့ပြည်သူတွေ တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ ဈေးနှုန်း သက်သာမှသာ လူတိုင်း အိမ်ကောင်းကောင်းမှာ နေနိုင်မယ်။ လူတိုင်း အိမ်ကောင်းမှာ နေနိုင်မှသာ နိုင်ငံတိုးတက်မှာ ဖြစ်ပါတယ်။အပြန်အလှန်အားဖြင့် အိမ်ဆောက်သူတွေဘက်ကလည်း မှန်ကန်တဲ့ အရည်အသွေးနဲ့ သင့်တော်တဲ့ဈေး နှုန်းကိုပေးချေပြီး လုပ်ကိုင်ပေးပါလို့ ပြောချင်ပါတယ်။ 
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61788

© 2022 - 2026 News. All Rights Reserved.