၂၀၂၆ ၊ ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မေချောစုမွန်နှင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပုံနှင့် ပြည်သူများအပေါ် မည်သည့်အချက်များ အဓိကထား ဆောင်ရွက်ပေးမည်များ စသည်တို့ကို တွေ့ဆုံမေးမြန်း ထားပါသည်။

TREND ။ ။ မြန်မာနိုင်ငံ တောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီကနေပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်ကို မိတ်ဆက်ပေးပါဦး။
MCSM ။ ။ ကျွန်မကတော့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ဒေါ်မေချောစုမွန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီကနေပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်တာကတော့ ပါတီဥက္ကဋ္ဌကြီးကလည်း ပြောတယ်။ အမျိုးသမီးတွေရဲ့ မီးဖိုချောင်စရိတ်ကို ကာကွယ်စောင့်ရှောင်ဖို့အတွက် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဖြစ် လာတယ်လို့ ပြောတဲ့အတွက်ကြောင့် ကျွန်မကိုယ်တိုင်ကလည်း အမျိုးသမီးတစ်ယောက်၊ မိခင်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီကနေ ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။
TREND ။ ။ မကြာမီကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ၊ အပိုင်း (၁) နဲ့ အပိုင်း (၂) မှာ ပြည်သူတွေ မဲထွက်ပေးတဲ့အပေါ် အမြင်လေးပြောပေးပါဦး။
MCSM ။ ။ ရွေးကောက်ပွဲကတော့ ငါးနှစ်တစ်ခါတော့ ရှိနေပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲက ပြည်သူတွေအတွက် ထွက်ပေါက်တစ်ခုလည်း ဖြစ်တယ်။ အောင်မြင်မှုရလဒ်လည်းရှိတယ်။ ဒါကြောင့် နိုင်ငံတစ်ခုရဲ့ အရွေ့တစ်ခုကို သွားနေတယ်လို့ မြင်ပါတယ်။ အခု ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း(၁)နဲ့ (၂)မှာ ပြည်သူပြည်သား ကျွန်မတို့ကအစ မဲဆန္ဒပေးတယ်။ ပြည်သူတွေအနေနဲ့လည်း ဆန္ဒမဲလာပေးကြပါတယ်။ တချို့မြို့နယ်တွေဆိုရင် ရာခိုင်နှုန်း ၇၀ ကျော် မဲပေးတာတွေ ရှိပါတယ်။ အဲဒီအတွက် အပိုင်း (၃)မှာလည်း ပြည်သူတွေအနေနဲ့ အပြောင်းအလဲတစ်ခုကို လိုချင်လို့ မဲထွက်ပေးမယ်လို့ ယုံကြည်ပါတယ်။
TREND ။ ။ ပြည်သူတွေအတွက် ဘာတွေကို အဓိကထား ဆောင်ရွက်ပေးသွားမလဲ။
MCSM ။ ။ ပြည်သူတွေရဲ့ စားဝတ်နေရေးကို အဆင်ပြေအောင် အဓိက ဆောင်ရွက်မယ်။ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေဖို့ကလည်း အရေးကြီးတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒီကာလမှာလည်း ကျွန်မတို့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ဆန်ဈေးနှုန်းနဲ့ပတ်သက်ပြီး ထိန်းညှိနိုင်အောင်၊ ပြည်သူတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင်လည်း ဆန်တစ်ပြည်ကို ၂၀၀၀ နှုန်းနဲ့ ရောင်းချပေးနေ ပါတယ်။ တောင်သူလယ်သမားတွေအနေနဲ့က တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၇၅ ရာခိုင်နှုန်းရှိပါတယ်။ ဒါက အစပေါ့၊ နောက်ပိုင်းမှာလည်း အများကြီး ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါ တယ်။
TREND ။ ။ တိုင်းဒေသကြီးကနေ ဝင်ရောက် အရွေးချယ်ခံတာဖြစ်တဲ့အတွက် ဒဂုံအရှေ့ပိုင်းမြို့နယ်ကို ဘာတွေ ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိလဲ။
MCSM ။ ။ လက်ရှိက ဒဂုံအရှေ့ပိုင်းမြို့နယ်က ဖွံ့ဖြိုးမှုနည်းတယ်။ တောင်သူလယ်သမားတွေလည်း ရှိတယ်။ တည်နေရာအရတော့ ဒဂုံမြို့သစ် လေးမြို့နယ်မှာ ဒဂုံအရှေ့ပိုင်းကတော့ အကျယ်ဆုံးဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဆောင်ရွက်ပေးမယ်။ အခုက အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတဲ့အတွက် အမျိုးသမီးတွေက ပညာတတ်ပေမယ့်လည်း အိမ်အကူလုပ်နေကြတဲ့သူ ရှိပါတယ်။ ဒဂုံအရှေ့မှာဆိုရင် အမျိုးသမီးတွေ ဆိုင်ကယ်ဘေးတွဲ မောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတာမျိုးတွေ ရှိနေပါတယ်။ အဓိကတော့ မိမိကျွမ်းကျင်တဲ့အရာနဲ့ အလုပ်နဲ့က သဟဇာတ မဖြစ်တဲ့အတွက် ကြုံရာကျပန်းကို လုပ်ကိုင်နေကြရတယ်။ ဒါတွေကို သေချာတိတိကျကျ သတ်မှတ်ဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ကျွန်မအနေနဲ့က ဒဂုံအရှေ့ပိုင်းမြို့ နယ်မှာနေတဲ့ အတွက်ကြောင့်မို့လို့ ဒဂုံအရှေ့ပိုင်း မြို့နယ်ရဲ့ အခက်အခဲတွေကို တော်တော်များများ နားလည်ပါတယ်။
ဒီမှာဆိုရင် ကျောင်းရှိတယ်။ သချုႋင်းရှိတယ်။ ဈေးလည်းရှိတယ်။ ရပ်ကွက်တစ်ခုအနေနဲ့ အကောင်းဆုံး ဖော်ဆောင်လို့ကောင်းတဲ့နေရာပါ။ တိုးချဲ့ ၅၂ ရပ်ကွက် မှာကတော့ မြေကွက်တွေဆိုလည်း ၅၀ x ၆၀ ရှိတယ်။ ကျွန်မအနေနဲ့ အရွေးချယ်ခံတာကလည်း ကိုယ့်မြို့နယ်က အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်။ ဧရိယာကျယ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုက နှေးနေတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှုတွေ အကောင်းဆုံး ဆောင်ရွက်ပေးစေချင်တယ်။ ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ရပ်ကွက်မှာ ကျောင်းရှိရမယ်။ ဆေးရုံရှိရမယ်။ အားကစားကွင်းရှိရမယ်။ ဈေးတန်းရှိရမယ်။ ဒါလေးတွေက လိုအပ်ချက်လေးတွေပေါ့။ ဒါလေးတွေကို အဓိကထား ဖော်ဆောင်ပေးမယ်။ မြို့နယ်အတွက် အကောင်းဆုံး ဖြစ်စေရပါ့မယ်။
TREND ။ ။ ဇန်နဝါရီ ၂၅ရက် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှာ အပိုင်း(၃) ရွေးကောက်ပွဲကျင်းပတော့မယ်။ ပြည်သူတွေကို ဘာ Message ပေးချင်တာရှိလဲဆိုတာလေး ပြောပေးပါဦး။
MCSM ။ ။ ပြည်သူတွေ အနေနဲ့ကတော့ ကျွန်မတို့ မြို့နယ်က အပိုင်း(၃)မှာ ပါဝင်တယ်။ ပြည်သူတွေကို ပြောချင်တာကတော့ မဲထွက်ပေးဖို့ ပြောချင်ပါတယ်။ ဘယ်ပါတီကိုပဲ မဲပေးမဲပေး မဲထွက်ပေးမှသာလျှင် နိုင်ငံတစ်ခုရဲ့ အပြောင်းအလဲ ဖြစ်မယ်။ ကိုယ့်စိတ်ထဲမှာ ပေးချင်တဲ့ ပါတီကို မဲထွက်ပေးမှသာ ပြုပြင်ပြောင်းလဲမှု ဖြစ်မှာပါ။ အိမ်ထဲမှာပဲ နေမယ်ဆိုရင် ဘာမှထူးလာမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ပြည်သူတွေကို မဲထွက်ပေးပေးပါလို့ ကျွန်မအနေနဲ့ တောင်းဆိုချင်ပါတယ်။ ကျွန်မတို့အနေနဲ့ကတော့ ပြည်သူတွေဘက်က အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ ဝင်ရောက်ခဲ့တာပါ။ ကျွန်မတို့သာ လွှတ် တော်ထဲရောက်ခဲ့ရင်၊ ပြည်သူတွေအတွက် စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆောင်ရွက်ပေးမယ်။ ဒီနိုင်ငံမှာရှိတဲ့ လူငယ်တွေက ပြည်ပမှာ သွားပြီးတော့ အလုပ်လုပ်ကြတာ၊ ဘာကြောင့်လုပ်တာလဲဆိုရင် လစာနည်းလို့ အလုပ်သွား လုပ်ကြတာ၊ တရားဝင်တာရော၊ တရားမဝင်တာရောပေါ့။ ဒီပါတီက ရွေးကောက်ပွဲပြီးလို့ အနိုင်ရခဲ့ရင် နိုင်ငံခြားကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ရှိပါတယ်။ အဲဒီအခါမှာ အခြေခံလစာကို ၁၀ သိန်းနဲ့အထက် ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ ရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ အားမလျှော့ဘဲနဲ့ ဘယ်ပါတီကိုမဆို မိမိဆန္ဒအရ မဲပေးကြပါလို့ ပြောကြားလိုပါတယ်။
TREND ။ ။ ကိုယ်တိုင်ကလည်း လုပ်ငန်းရှင်ဖြစ်တဲ့အတွက် လုပ်ငန်းဆောင်ရွက်တဲ့အခါမှာရော ဘယ်လို အခက်အခဲတွေရှိလဲ။
MCSM ။ ။ ကျွန်မကိုယ်တိုင်ကလည်း လုပ်ငန်းရှင်တစ်ယောက် ဖြစ်တယ်။ ပြည်တွင်းကထွက်တဲ့ ကြက်သွန်နဲ့ဆီကို အဓိကထားတဲ့ ကြက်သွန်ကြော်လုပ် ငန်းဖြစ်တယ်။ အခုက ဒီနှစ်ခုလုံးက ကုန်ဈေး နှုန်းတက်လာတော့ ဝန်ထမ်းကို နေ့စားနဲ့အလုပ်လုပ်ရတယ်။ လခစား မခန့်နိုင်ဘူး။ ကုန်ဈေးနှုန်းကြီးတဲ့အတွက် ကုန်ကျစရိတ်ကို ချုံ့ရတယ်။ ကျွန်မအနေနဲ့ မလုပ်ချင်ပေမယ့်လည်း လုပ်ရတယ်။ စရိတ်က တက်လာတော့လေ။ ဈေးကွက်က အရင်ကတော့ ဝယ်ကြတယ်။ နောက်ပိုင်းမှာ ကြတော့ ဒီထုတ်ကုန်ရဲ့ ကုန်ကျစရိတ်ကြောင့် မဝယ်ကြတော့ဘူး။ ဖြစ်သလိုပဲ စားတော့မယ်ဆိုတဲ့ ပုံစံမျိုးတွေဆိုတော့ ကျန်းမာ ရေးထိခိုက်မှုတွေ ရှိလာတယ်။ ဆောက်လုပ်ရေးလုပ်ငန်းကြတော့လည်း ပစ္စည်းတွေကဈေးတက်တယ်။ သံတွေလည်း ဈေးတက်တယ်။ စာချုပ်ချုပ်ထားတာတွေလည်း ပစ္စည်းဈေးတွေတက်လာတော့ မကိုက်ဘူး။ အလုပ် သမားစရိတ်က တစ်ယောက်ကိုနှစ်သောင်း လောက်ပေးရတော့ မကိုက်ဘူး။ မကိုက်တော့ မလုပ်နိုင် ဘူးဖြစ်နေတယ်။ စားသောက်ကုန်ဘက်ကို လှည့်တော့လည်း စောစောကပြောတဲ့အတိုင်းဆိုတော့ မစားနိုင်ဘူး။ ဆီကနှမ်းဆီနဲ့ နေကြာဆီသုံးတာဆိုတော့ ပြည်သူတွေက ဈေးကြီးလို့ မစားနိုင်ဘူး။ အဆင်မပြေမှုတွေ အများကြီးတွေ့ရတယ်။ ဝန်ထမ်းတွေကလည်း နေ့စားတစ်သောင်း မရဘူး။ ဒီ့ထက်ပို ပေးရတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးချင်ပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါဦး။
MCSM ။ ။ မကြာမီက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နဲ့ (၂)ကို ကျင်းပပြီးစီးခဲ့ပါပြီ။ အပိုင်း(၃) ကတော့ မကြာမီမှာ ကျင်းပဖို့ရှိပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ အပိုင်း (၃) ရွေးကောက်ပွဲမှာ ကျွန်မက မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် FPTP အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ မည်သည့် ပါတီကိုမဆို မဲပေးနိုင်သလို၊ ကျွန်မတို့ ပါတီကိုမဲပေးမယ်ဆိုရင် ပါတီလိုဂိုအနေနဲ့ အနီရောင်အခံမှာ နဂါးနှစ် ကောင်ရဲ့အလယ်မှာ လူရုပ်လေးနဲ့ တံစဉ်နဲ့ စပါးနှံကိုကိုင်ထားတာရှိပါတယ်။ ကျွန်မကို လိုလားတယ်ဆိုရင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်အောင်၊ ကိုယ့်မြို့နယ်ကို ကူညီနိုင်အောင် ဆောင်ရွက်ပေးကြပါလို့ ပြည်သူတွေကို ပြောလိုပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )