ကမ္ဘာကျော် ငပိန်းကြီးများ

၂၀၂၆ ၊ ဇန်နဝါရီ ၂၃
    ကမ္ဘာ့အဆင့်မီ ဓာတ်ခွဲခန်းကြီးအတွင်း ကမ္ဘာအနှံ့က သိပ္ပံပညာရှင် အများအပြား ခေါင်းချင်းဆိုင်နေကြပြီး အရေးပေါ်စမ်းသပ်မှုများ ပြုလုပ်ရန်ဆွေးနွေးတိုင် ပင်နေကြသည်။ အကြောင်းရင်းကတော့ လူသားတို့သည် တစ်ဖက်တွင် နည်းပညာကို ကောင်းစွာ အသုံးချနိုင်သည်အထိ အောင်မြင်နေကြသော်လည်း တစ်ဖက်တွင်ဉာဏ်ရည်များ တစ်စတစ်စ ချို့ယွင်းလာကြပြီး  ခေတ်စကားနဲ့ပြောရရင် ငပိန်းတွေ ဖြစ်လာကြသည်ဟု သံသယဝင်လာ၍ ဖြစ်သည်။ ဉာဏ်ရည်တု နည်းပညာကို လူသားတွေ တရင်းတနှီး အသုံးချလာသလို တစ်ဖက်တွင်လည်း လူ သားတို့ ကိုယ်ပိုင်ဉာဏ်ကို သိပ်အသုံးမချတာကြောင့် ငပိန်းတွေများ ဖြစ်လာကြသလားဟု သိပ္ပံပညာရှင်တွေ သံသယဝင်လာကြတာ ဖြစ်သည်။
    ဒီတော့ တိုးတက်နေသည့် ခေတ်ကြီးနှင့်အပြိုင် လူသားတွေ ဉာဏ်ရည်နိမ့်သွားပါက နောင်နှစ် ၁၀၀ ခန့်အကြာတွင် ဉာဏ်ရည်တု နည်းပညာသုံး စက်ရုပ်တွေက ကမ္ဘာကိုထိန်းချုပ်ပြီး လူသားတွေကို လိုသလိုခိုင်းစေ သွားမည့်အရေးကိုလည်း စိတ်ပူနေပုံရသည်။ ဒါကြောင့် သိပ္ပံပညာရှင်တွေ စုပေါင်းပြီး ဒီလိုဖြစ်ရတာက လူသားတွေ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်ကြောင့်လား သို့တည်းမဟုတ် လူသားတွေရဲ့ ဦးနှောက်ကို ဗိုင်းရပ်စ်ပိုးတွေ တိုက်ခိုက်တာကြောင့်လားဆိုပြီး စစ်ဆေးမှုကို ပြုလုပ်ရန် တိုင်ပင်နေကြသည်။ ဒီတစ်ခေါက် စစ်ဆေးမှုကိုတော့ ကမ္ဘာ့နိုင်ငံအသီးသီးက လူသားစစ်စစ်တွေကို ရွေးချယ်ခေါ်ယူပြီး တစ်ယောက်ချင်း စစ်ဆေးကြတာဖြစ်သည်။
    ဒီတော့ ပြင်ပသတင်းအချက်အလက်တွေ စုဆောင်းသူက စုဆောင်း၊ ငပိန်းတွေ များနေတယ်ထင်တဲ့ နိုင်ငံကလူတွေကို စမ်းသပ်ခန်းကို ခေါ်ယူပြီး တစ်ယောက်ချင်း စစ်ဆေးကြသည်။ ကနဦးစစ်ဆေးမှုကိုတော့ ကောင်းကင်ဘုံမှာ ကြိုတင်မြေကွက်တွေ ဝယ်ယူထားသူတွေကို စစ်ဆေးရမည့်အလှည့် ဖြစ်သည်။ ဒီတော့ ကောင်းကင်ဘုံကို ယုံကြည်ထားသော အင်္ဂလန်နိုင်ငံသား တစ်ယောက်ကို အိပ်မွေ့ချသောနည်းဖြင့် စတင်စစ်ဆေးလေတော့သည်။ အိမ်မွေ့ချသောနည်းက ခေတ်ဟောင်းက လူသားတွေရဲ့ စိတ်အခြေအနေကို စမ်းသပ်သည့် နည်းဖြစ်သော်လည်း ယနေ့ခေတ်အထိ အောင်မြင်နေဆဲ ဖြစ်သည်။ စမ်းသပ်ခံရမည့် မစ္စတာစမစ်ဆိုသူက ခုတင်ပေါ်လှဲချလိုက်သည်နှင် သိပ္ပံပညာရှင်တို့ စတင်အိပ်မွေ့ ချလိုက်ပြီး မေးခွန်းတွေ စတင်မေးတော့သည်။
    ဟေ့...စမစ် တရားဟော ဆရာရောင်းတဲ့ ကောင်းကင်ဘုံက မြေကွက်ကို မင်းကြိုပွိုင့်စနစ်နဲ့ ဝယ်တယ်ဆို ဟုတ်သလား
    ဟုတ်တယ်၊ ငါ ကောင်းကင်ဘုံမှာ မြေကွက် နှစ်ကွက်ဝယ်ထားတယ်
    ဟုတ်ပြီ စမစ်၊ ဘုရားသခင်ကို ယုံကြည်သူဖြစ်တာကြောင့် ကောင်းကင်ဘုံကို ယုံကြည်တာ ငါတို့လက်ခံတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံမှာ မြေကြီးရှိတယ်ဆိုတာ မင်းယုံကြည်သလား
    ငါရူးနေတာမှ မဟုတ်တာကွ...ကောင်းကင်ဘုံမှာ မြေကြီးမရှိနိုင်ဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါလွတ်မြောက်ဖို့ ဒီတစ်နည်းပဲရှိလို့ ငါ့ငွေတွေကို ကောင်းကင်ဘုံအတွက် အသုံးချရတာပဲ
    ကောင်းပြီ စမစ်၊ မင်းလွတ်မြောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကောင်းကင်ဘုံက မြေကွက်နှစ်ကွက်မှာ မင်းကတစ်ကွက်၊ နောက်တစ်ကွက်က မင်းဇနီးသည် အတွက်လား
    မဟုတ်ပါဘူး ငါ့ခယ်မလေးအတွက်"ဟု စမစ် ဖြေကြားလိုက်သည်။
    သိပ္ပံပညာရှင်များ စမစ်ကို လှုပ်နိုးလိုက်ပြီး စမစ်တစ်ယောက် အိပ်မှုန်စုံမွှားဖြင့် ထလာလေသည်။ သိပ္ပံပညာရှင်များအားလုံး မှတ်ချက်ပြုသည်က စမစ် ဉာဏ်ရည်က ထင်သလောက် မပိန်းကြောင်း စမစ်ဇနီးသည်အနေနဲ့ မိမိအမျိုးသားအပေါ် ဂရုတစိုက် ဆက်ဆံဖို့ ဆေးစာတစ်စောင် ရေးပေးလိုက်သည်။
    နောက်ထပ်စမ်းသပ်ဖို့ အလှည့်ကျသူအဖြစ် ဂါနာနိုင်ငံသား သူဌေးတစ်ဦးဖြစ်သူ အီဘိုဆိုသူကို စမ်းသပ်ရန် ပြင်ဆင်ကြတော့သည်။ ဂါနာနိုင်ငံသား တစ်ယောက်ကို စမ်းသပ်ရခြင်းက လတ်တလော ခေတ်စားနေသော သတင်းကြောင့်ဖြစ်သည်။ ဂါနာနိုင်ငံတွင် လူတစ်ဦးက လာမည့်ဒီဇင်ဘာလတွင် ကမ္ဘာကြီးပျက်တော့ မည်ဟုဆိုကာ သင်္ဘောတွေတည်ဆောက်ကာ အလှူခံနေသည်။ အလှူငွေတွေလည်းရရော ကမ္ဘာပျက်မည့်နေ့ကို ရွှေ့လိုက်သည်ဟု ခပ်တည်တည်ပြောကာ အလှူငွေတွေကို မာစီဒီးကား ဝယ်စီးလိုက်တာကြောင့် စတီးလက်ကောက်လှလှလေးတစ်စုံ ဝတ်လိုက်ရသည်။ ဒါကို အကြောင်းပြု၍ ဂါနာနိုင်ငံသားတို့၏ ဉာဏ်ရည်ကို စမ်းသပ်လိုကြခြင်း ဖြစ်သည်။ ထုံးစံအတိုင်း အီဘိုတစ် ယောက် စမ်းသပ်ခုတင်ပေါ်သို့အရောက် အိပ်မွေ့ချလိုက်ကြသည်။
    ဟိုင်း...အီဘို သင်္ဘောတည်ဆောက် ရေးမှာ မင်းငွေတွေ ဘာကြောင့်သုံးတာလည်း ကမ္ဘာပျက်မယ်ဆိုတာ လူတစ်ယောက်ပြောရုံနဲ့ ယုံကြသလား
    မင်းတို့ကို အရင် ပြန်မေးရမယ်။ နောဧ သင်္ဘောကြီးဆိုတာ ငါတို့ကျမ်းစာမှာ ပါတယ်။ ကမ္ဘာမြေကို ရေတွေ လွှမ်းမယ်ဆိုတာ ကြိုသိနေတဲ့ နောဧက သင်္ဘောကြီးတစ်စင်း ဆောက်ပြီး ယုံကြည်သူတွေကို ကယ်တင်ခဲ့တယ် ဒါကိုမင်းတို့ ယုံသလား
    "အာမင်" ငါတို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခုလိုခေတ်ကြီးမှာ သင်္ဘောဆောက်သူကို
 အိပ်မွေ့ချခံရသူအီဘိုက လက်ကလေးတား လိုက်ပြီး -
    ကျမ်းစာအတိုင်း လက်ခံယုံကြည်မှုကို မင်းတို့ ငြင်းမှာမဟုတ်ဘူး။ ခုလို ခေတ်မီတိုးတက်နေတဲ့ ခေတ်မှာ  ကမ္ဘာပျက်တော့မယ်ဆိုပြီး သဘေင်္ာကြီးတွေ ထဆောက်တာ ငါယုံကြည်မယ်ထင်လား။ ငါက စီးပွားရေးသမားလေ ခုသင်္ဘောတည်ဆောက်တဲ့ကောင် မာ စီးဒီးဝယ်စီးလို့ အဖမ်းခံလိုက်ရပြီ။ သင်္ဘောတည်ဆောက်ရေးမှာ ငါ့ငွေတွေ အများကြီး သုံးထားတော့ သင်္ဘောတွေကို ငါပိုင်ပြီ။ ဒီလိုခပ်ကြောင်ကြောင် အ တွေးအခေါ်နဲ့ ဆောက်ထားတဲ့သင်္ဘောတွေကို ခရီးသွားတွေ စိတ်ဝင်စားပြီး လာကြည့်ရင် အချိန်တိုတွင်း အရင်းကျေပြီလေ"ဟု ပြောလေသည်။
    သိပ္ပံပညာရှင်များ ကြားလိုက်ရသော အီဘို၏ စီးပွားရေးအမြင်ကြောင့် ဒီတစ်ခေါက် ငပိန်းအဖြစ်သတ် မှတ်ခံလိုက်ရသူများမှာ သိပ္ပံပညာရှင်များကိုယ်တိုင် ဖြစ် သွားသည်။ အီဘိုကို အိပ်မွေ့ချခြင်း ပြီးဆုံးပြီး ရလဒ်ကို ရေးသားရာ အီဘိုမှာ ပိန်းချင်ယောင်ဆောင်ပြီး လူပိန်း တွေကို ချနင်းကာ စီးပွားရှာလိုသူဖြစ်ကြောင်း ဂါနာ အစိုးရအနေနဲ့ သင်္ဘောတွေကို ပြတိုက်ဖွင့်ကာ ပြသထားသင့်ကြောင်း၊ အလှူခံ၍ မာစီဒီးကားဝယ်စီးသူကို လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း ဂါနာ နိုင်ငံသားတွေ အကွက်မြင်တတ်ကြောင်း ရေးသားလိုက်သည်။
    သိပ္ပံပညာရှင်များ စိတ်ထဲတွင် ရလဒ်များကို မကျေနပ်ချေ။ ကမ္ဘာပေါ်တွင် ငပိန်းများရှိကြောင်း သက်သေပြရန် ဒေါ်လာသန်းချီအသုံးပြု၍ ယခုပရောဂျက်ကို ဆွဲကာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တတိယမြောက် စမ်းသပ်စစ်ဆေးခံရ မည့်သူက ဆရာကြီးစတိုင်ဖြင့် စမ်းသပ်ခုတင်ပေါ်သို့ တက်ထိုင်လိုက်သည်။
    ကဲ သိပ္ပံပညာရှင်တို့ ခင်ဗျားတို့ရဲ့ စမ်းသပ်စစ်ဆေးမှုကို ခံယူဖို့အသင့်ပဲ၊ ဘယ်နိုင်ငံက လာတာလဲ၊  ဘာလုပ်တာလဲ မမေးဘဲ ခင်ဗျားတို့ လုပ်ဆောင်စရာရှိတာ လုပ်ကြတော့}}ဟု ပြောလိုက်လေသည်။ သိပ္ပံ ပညာရှင်များ စိတ်ပျက်လက်ပျက်ဖြင့် အိပ်မွေ့ချခြင်းလုပ် ငန်းကို စတင်လိုက်လေသည်။
    ဟိုင်း မစ္စတာ ခင်ဗျားဟာ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပါပြီ။ ခင်ဗျားဘာ တွေပြောချင်ပါသလဲ"ဟု သိပ္ပံပညာများဘက်မှ စတင် စကားဆိုလိုက်သည်။
    အိပ်မွေ့ချခံရသူက ]]မင်းတို့သိလား၊ ငါတို့နိုင်တော့မှာ၊ ငါတို့ ယုံကြည်ရသူတွေက တော်လှန်ရေးကို အဆုံးသတ်ဖို့ ကြိုးစားနေကြတယ်။ ငါတို့ တပ်ပေါင်းစု ကြီး ဖွဲ့လိုက်ပြီ။ ငါတို့မှာ ဒေါ်လာသန်းချီတန် လေယာဉ်ပစ်လက်နက်ကြီးရှိတယ်။ ငါတို့မှာ ခေါင်းဆောင်ကောင်းတဲ့ ကာကွယ် ရေးဝန်ကြီးရှိတယ်။ ငါတို့တော်လှန်ရေးက  အရှိန်အဟုန် မြှင့်တော့မှာ
    ဆက်ပြောပါ ငါတို့နားထောင်နေတယ်}}
    တော်လှန်ရေးပြီးလို့ ငါတို့ဝယ်ထားတဲ့ ဘွန်းတွေပြန်ရောင်းရင် ဒေါ်လာသန်းချီ မြတ်မှာ။ နောက်ပြီး အဆင်သင့်ဆောက်ထားတဲ့ နွေဦးကွန်ဒိုမှာ တက်နေရုံပဲ။တော်လှန်ရေးအတွက် အလှူခံပြီး ဆောက်ထားတဲ့ မြေအောက်ဆေးရုံတွေဆီ မင်းတို့ကို အလည်အပတ်ပို့ချင် သေးတယ်
    သိပ္ပံပညာရှင်တွေ နားမလည်နိုင်သော အကြောင်းအရာကို ပြောနေသဖြင့် ဗှု အကူအညီကိုယူကာ မင်းဒါကို ယုံကြည်သလား၊ အမေရိကားမှာ အိမ်တွေ၊ ကားတွေ ဝယ်လိုက်တဲ့အဖွဲ့က ပြောတာကို}}ဟု မေး ခွန်းထုတ်လိုက်သည်။
    တော်လှန်ရေးကို အယုံအကြည် မရှိရင် ဗှု လည်း ဒလန်ပဲကွ။ ငါတို့ခေါင်းဆောင်တွေကို ငါတို့ယုံတယ်။ သူတို့ပြည်တော်ပြန်လာတော့မယ်။ တော်လှန်ရေး ကြီးပြီးတော့မှာ၊ အရေးတော်ပုံ အောင်တော့မှာ။ မင်းတို့ ယုံကြည်ရင် ငွေတွေ ထပ်လှူကြလေ၊ ကမ်ပိန်းတွေကို ကူကြလေ၊ အာချောင်မနေနဲ့}}ဟုပြန်ပြောလေရာ ဗှု က လူကြီးမင်း ဘာလူမျိုးလဲ ဒီလောက်ပိန်းတဲ့ နိုင်ငံသား ကမ္ဘာပေါ်မှာ ရှိတယ်ဆိုတာ မှတ်တမ်းတင်ချင်လို့ပါ}}ဟု မေးလိုက်သည်နှင့် အိပ်မွေ့ချခံရသူနားသို့ သိပ္ပံပညာရှင်များ စိတ်ဝင်တစား ကပ်လာကြပြီး နားစိုက်ထောင် လိုက်လေသည်။
    အိပ်မွေ့ချခံရသူက ခပ်တိုတိုလေး ဖြေလိုက်သည်။
" နီပိန်း"
    သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေးမှုရလဒ် မှတ်တမ်းတွင်လည်း ကမ္ဘာ့အပိန်းဆုံး လူသားမျိုးနွယ်စု နေရာတွင် "နီပိန်း"ဟု ရေးသွင်းလိုက်လေသည်။
(ထူးမြတ်) 
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59912

© 2022 - 2026 News. All Rights Reserved.