စစ်ကိုင်း PDF ဗိုလ်ညိုချောက တပည့်မလေး ဒေါင်းနီကို T-တ်ဖြတ် အလောင်းဖျောက်

၂၀၂၆ ၊ ဇူလိုင် ၁၁

ဒလန်ခေါင်းစဉ်တပ်၍ T-တ်လိုက်သည်
    'နယ်စည်းမခြား စစ်ကိုင်းသား'ဆိုသည့် PDF လက်နက်ကိုင်အဖွဲ့က ဒေါင်းနီဆိုသည့် PDF မလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး T-တ် လိုက်ကြပြီဟု တော်လှန်ရေးသမားများဘက်က အစဆွဲထုတ်လာခဲ့သည်။ ထိုဒေါင်းနီဆိုသည့် PDF မလေးကို သတ်သည့်အဖွဲ့သည် 'နယ်စည်းမခြား စစ်ကိုင်းသားဆိုပြီး' PDF လက်နက်ကိုင်ဖွဲ့ထားပြီး ဗိုလ်ညိုချောဆိုသည့် PDF လက်နက်ကိုင်လူငယ်က ဦးဆောင်ထားသည်ဟု သိရသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ သူငယ်ချင်းဖြစ်သူက "တော်လှန်ရေးသမားတွေကလည်း အချင်းချင်းသတ်သလား"မေးသောကြောင့် နီးစပ် ရာ၊ လက်လှမ်းမီရာအကုန်သတ်သည်ဟု ပြောလိုက်မိ၏။
    တော်လှန်ရေးသမားများက သူတို့သတ်ချင်လျှင် ဒလန်ခေါင်းစဉ်တပ်လိုက်ရုံမျှဖြင့် တော်လှန်ရေး အရေခြုံလိုက်လျှင် လုံခြုံသွားသည်ဟု အထင်ရှိတတ်ကြ၏။ ထို့သို့ ဒလန်ခေါင်းစဉ်တပ်ရုံမျှဖြင့် တော်လှန်ရေးကို ထောက်ခံသူနှင့် တော်လှန်ရေးဘက်အခြမ်းက မီဒီယာတို့က အလုအယက် ဖော်ပြကြပြီး ထိုအင်အားနှင့်ပင် ဟုတ်သယောင်ယောင် ဖြစ်ကုန်ကြ၏။ သို့သော်လည်း ထိုကဲ့သို့ ဒလန်ခေါင်းစဉ်တပ် သတ်ဖြတ်မှုများက ငါးနှစ်ကျော် ကြာလာသည်အထိ လျော့ပါးမသွားဘဲ ပို၍များ ပြားလာသည့်အပြင် အပြင်လူမဆိုနှင့် တော်လှန်ရေးသမားအချင်းချင်းပင် ဒလန်ခေါင်းစဉ်တပ် T-တ် ဖြတ်မှုက ခပ်စိတ်စိတ် ဖြစ်လာနေလေသည်။ အထက်တွင် ဆိုခဲ့သည့် ဒေါင်းနီ ဆိုသည့် ကလေးမလေး သတ်ခံရမှုနှင့်ပတ်သက်၍ ဗြှီၤ မှ မိုးသီးဇွန်က သူ၏လူမှုကွန်ရက်တွင် ဖြန့်ဝေထား၏။ ဤနေရာတွင် မိုးသီးဇွန်ကောင်းခြင်း၊ မကောင်း ခြင်းကို မည်သည့်မှတ်ချက်မျှ မပြုလိုသော်လည်း တော်လှန်ရေးဘက်အခြမ်းက လူများ၏ ခံယူချက် စိတ်နေသဘောထားကို ပြောလိုသည်။
    တော်လှန်ရေးသမားအချင်းချင်း ကလေးမလေးကိုသတ်သည့် ပြစ်မှုထက် သူတို့နှင့် အယူအဆမတူသူကို အပြစ်ပုံချရန် ဆန္ဒပြင်းပြနေကြသည်။ တစ်နည်းအားဖြင့် သူတို့လုပ်ချင်ရာလုပ်သည့် ကိစ္စတိုင်းတွင် အယူအဆမတူသူကို ရန်သူဟု သတ်မှတ်နေပုံရ၏။ ဒေါင်းနီဆိုသည့် ကလေးမလေး သတ်ခံရမှုနှင့် ပတ်သက်၍ "မိုးသီးဇွန်က မြေပြင်က တော်လှန်ရေးသမားတွေရဲ့ ရာဇဝတ်မှု၊ အကွဲအပြဲသတင်းတွေကို အဓိကတင်ပြလေ့ရှိပြီး စကစရဲ့ လုပ်ရပ်တွေကိုကျ သဘောတရားရေးရာအရ ဝေဖန်လေ့ရှိတယ်။ မိုးသီးဇွန်က သူ့ကို ပါချောင် လူသတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ စိတ်ဒဏ်ရာ (Psychological Trauma) ရှိနေပုံရတယ်။ အဲဒီစိတ်ေ၀ဒနာနဲ့ စိတ်ကျန်းမာရေး အခြေအနေကြောင့်ပဲ အခုနောက်ပိုင်း တလရဘက်က ကျူးလွန်တဲ့ လူသတ်မှုမျိုးတွေကို ပိုပြီး ထုတ်ဖော်တင်ပြချင်တဲ့ စိတ်သဘာ၀ ဖြစ်နေတာ ဖြစ်နိုင်ပါတယ်"ဟု မိုးသီးဇွန်ကို တော်လှန်ရေး ထောက်ခံသူတစ်ဦးက ဆိုထားလေသည်။ သူတို့ဆိုလိုချင်သည်က လူသတ်မှုကျူးလွန်သည့်ကိစ္စ မှားခြင်း၊ မှန် ခြင်းအပေါ် စိတ်မဝင်စားဘဲ သူတို့အဖွဲ့ လူသတ်မှုကျူး လွန်သည့်ကိစ္စအပေါ် အပြစ်တင်နေသည်ကို မကျေနပ်သည့်ပုံစံ ဖြစ်နေလေသည်။
    ကလေးမလေးကို လောလောလတ်လတ် သတ်သည့်အဖွဲ့ကိုမူ အပြစ်တစ်စုံတစ်ရာပင် ပြောထားခြင်းမရှိပေ။ တော်လှန်ရေးခေါင်းစဉ်အောက်က အတူတကွ တစ်လှေတည်းစီးတစ်ခရီးတည်းသွားပါသည်ဟုဆို သူအချင်းချင်းပင်လျှင် သတ်ဖြတ်ခြင်းကို ဟန့်တားမည့် သူမရှိတော့ပေ။

ဒေါင်းနီမအတွက် တရားမျှတမှုပေးပါ
    PDF အမျိုးသမီးတစ်ယောက်ကို PDF တစ်ယောက်က သတ်လိုက်ခြင်းအတွက် တရားမျှတမှု တောင်းဆိုနေကြသူတို့က တော်လှန်ရေးကို အားပေးထောက်ခံ နေကြသူတို့ပင်ဖြစ်သည်။ တော်လှန်ရေးဘက်အခြမ်းတွင် သတ်ချင်သူကို ဒလန်ခေါင်းစဉ်တပ် သတ်လိုက်လျှင် ဒလန်ဖြစ်သောကြောင့်ဟု ဟုတ် ဟုတ်၊ မဟုတ်ဟုတ်ဝိုင်း၍ ကာကွယ်ကြသော်လည်း တော်လှန်ရေးသမားအချင်းချင်း သတ်ဖြတ်မှုအတွက် အကာအကွယ်ပေးရန် ခက်ခဲနေကြဟန်ရှိ၏။
    စစ်ကိုင်းတိုင်း အညာမြေက PDF ကလေးမတစ်ဦး သတ်ဖြတ်ခံရခြင်းအပေါ် စစ်ကိုင်းတိုင်းသူ ထောက်ပို့တစ်ယောက် ဆူးနှင်းဆီဆိုသူက စိတ်မကောင်း ဖြစ်နေဟန်ရှိသည်။ "ဗိုလ်ညိုချောနဲ့ဒေါင်းနီ သူတို့ဦးနှစ်ယောက်ရဲ့ကိစ္စ ကျွန်မကိုယ်တိုင်လည်း အတိအကျမသိသလို သိရတဲ့အချက်လက်ကလည်း အရမ်းကို ဝမ်းနည်းစရာကောင်းပါတယ်။ နှစ်ယောက်လုံးမှားတယ်။ အခုတော့ တန်ဖိုးရှိတဲ့နှစ်ယောက် လုံးကို ကျွန်မတို့က စွန့်ပစ်ရတော့မယ်။ ဒေါင်းနီကတော့ အေးချမ်းစွာ အနားယူသွားပြီး ဗိုလ်ညိုချော ကတော့ ရာခိုင်နှုန်း ၃၀ သာမှန်းဆလို့ရမယ်။ ဒီတော့ ကျွန်မနှစ်ယောက်လုံးအတွက် အင်မတန် ဝမ်းနည်းတယ်၊ စိတ်မကောင်းလည်း ဖြစ်တယ်၊ စိတ်လည်း တယ်။ တန်ဖိုးရှိတဲ့သူတွေ အခုလို ဖြစ်ရတာ တပ်ရင်းမှူး ဗိုလ်ညိုချောအပါ ဘဏ္ဍာရေးတာဝန်ခံ ဒေါင်းနီအပြင် ညိုချော လက်အောက်က ရဲဘော်တွေရော အားလုံးက အတ္တကြီးလို့ပဲ"ဟု သူမသိသင့်သမျှ သိထားဟန်နှင့် မည်သူတို့တွင် အမှားရှိနိုင်ကြောင်း ဖွင့်ဟထား၏။ မိန်းမသားချင်း၊ ၅/ချင်း ကိုယ်ချင်းစာဟန်ဖြင့် သူသိသမျှ အရိပ်အမြွက်ရေးသားသော်လည်း ထိုကဲ့သို့ ဖွင့်ဟမှုအပေါ် မကျေနပ်သူများက 'နယ်စည်းမခြား စစ်ကိုင်းသား'ဆိုသည့် PDF လက် နက်ကိုင်များပင်ဖြစ်ကြသည်။ 'နယ်စည်းမခြား စစ်ကိုင်းသား'ဆိုသည့်အဖွဲ့မှ PDF တစ်ယောက်က "နင်တို့ အာချောင်တာ လွယ်တယ်။ ေ-ာက်ပေါက်လေးခဏ ပိတ်ပေးပါလား။ ဒီမှာ ဘာတွေလုပ်နေလဲ၊ ဘာတွေဖြစ်နေလဲ စဉ်းစားဦး""ဟု တုံ့ပြန်ထားလေသည်။ တရားမျှတမှု တောင်းဆိုသည့် ဏီၤ ထောက်ပို့ အမျိုးသမီးက အမှန်တရားအတွက် တောင်းဆိုသည့် တော်လှန်ရေးဘက်တော် သားအချင်းချင်းက ပြန်ဆဲသဖြင့် ထောက်ပို့တစ်ယောက် အနေနှင့် ဆူးနှင်းဆီဆိုသည့် ကလေးမ ဒေါသထွက်သွား လေသည်။ ".....ကို အာချောင်တာပါလား။ ဒါဆိုရင် ဘာလို့ ဖုံးဖိထားလဲပြောလေ။ နင်တို့ဘာလုပ်နေလဲ သေသွား သူက ပြန်ရှင်မလာဘူး။ အစကတည်းက နင်တို့သိရမှာ"ဟု တုံ့ပြန်၏။
    အမှန်တရားကို လိုချင်၍ တောင်းဆိုပါသည်ဆိုမှ အပြစ်ပြောခံရခြင်းအပြင် ပြောသူကလည်း ဂိုဏ်းဂဏတူ၊ အဖွဲ့တူဘက်ကဖြစ်၍ ပိုပြီးဒေါသဖြစ်ဟန်တူ၏။ အကြောင်းရင်း အဖြစ်မှန်ကို သေချာ မထုတ်ပြန်၊ မစစ်ဆေးဘဲ သေဆုံးသူ၏ ဆွေမျိုးမိတ်ဆွေအပေါင်း အသင်းကိုမျှ အသိမပေးဘဲ သေဆုံး သူကို သင်္ဂြိုဟ်လိုက်ခြင်း စသည်တို့သည် ရိုးသားမှုမရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ထောက်ပြလေသည်။ နယ်စည်းမခြားစစ်ကိုင်း သားအဖွဲ့က PDF တစ်ဦးက ထိုထောက်ပို့မလေးကို "ဆူးနှင်းဆီ အခုက ရန်သူကို သိစေချင်တာလား၊ ကိုယ့်အဖွဲ့ကို သိစေချင်တာလား။ ဆူးနှင်းဆီ မြေပြင်ကတာ ဝန်ရှိတွေနဲ့ စကား ပြောရမှာလေ။ အမှန်ဆို Post တင်တာက ဘာအတွက်လဲ"ဟု ချေပထားလေသည်။ တော်လှန်ရေးဘက် အခြမ်းက လူများအတွက် တရားမျှတမှု၊ အမှန်တရား၊ ဓမ္မဆိုသည့် စကားများ တွင်တွင်သုံးစွဲကြသော်လည်း သူတို့၏ အဓမ္မအမှုအတွက် တရားမျှတမှု တောင်းဆိုသည့်စကားကိုပင် ဖုံးကွယ်နေကြရာ ဓမ္မအတွက် တိုက်ပွဲက ဤကဲ့သိုလားဟု မေးခွန်းပင်ထုတ်ချင်ပါသည်။
    ထိုင်းနိုင်ငံတွင် ထောက်ပို့လုပ်နေပြီး အသတ်ခံရသည့် ရဲဘော်ဒေါင်းနီနှင့် ရင်းနှီးသည့် သူဇာဆို သူက "ရဲဘော်ဒေါင်းနီက မြေပြင်မှာ လက်နက်ကိုင်ရုံတင်မကဘဲ ထောက်ပို့ပိုင်းမှာလည်း အရမ်းအားကိုးရတဲ့သူပါ။ Gun တွေဝယ်တယ်၊ ကျည်ဆန်ဖိုးတွေ ရှာပေးတယ်၊ Starlink ဆို Starlink ရအောင် လုပ်ပေးတဲ့သူ။ ဘက်စုံတော်တယ်။ သူဦးဆောင်ပြီး စခန်းရဲ့လိုအပ်ချက်ကိုဖြည့် ဆည်းပေးသူပါ။ ဒေါင်းနီသေပြီ၊ နာရေး သတင်းကြားတော့ ရင်ထဲဆို့ရတယ်။ စစ်ဖြစ်တာလား၊ တိုက်ပွဲထဲမှာသေတာလား၊ ဘာဖြစ်လို့ သူတို့စခန်းဘက်က ထုတ်ပြန်လာတာ မရှိတာလဲ။ သောကြာနေ့ကဖြစ်တာ (၃-၇-၂၀၂၆) ဒီနေ့ဒီအချိန်ဆို သတင်း ထုတ်ပြန်သင့်ပြီ။ မေးလိုက်တဲ့ အချိန်မှာ ကိုယ့်အချင်းချင်း သတ်လိုက်တာတဲ့။ ဘာ ကြောင့်သတ်လိုက်တာလဲ။ ရဲမေတစ်ယောက်ကို သတ်ရလောက်အောင် အပြစ်ကြီးကြီးမားမား ကျူးလွန်ထားလို့လား။ အခုက ဒေါင်းနီသေပြီ။ ဒေါင်းနီအလောင်းကို ဘယ်သူမှ မတွေ့ရ၊ မမြင်ရဘဲ ချက်ချင်းသင်္ဂြိုဟ်လိုက်တာ ရဲမေတစ်ယောက်ကို အမိန့်စာတောင်မပြန်ဘဲ ချက်ချင်း သင်္ဂြိုဟ်တာ ခါးသီးလွန်းတယ်။ နယ်စည်းမခြား စစ်ကိုင်း သားအဖွဲ့က ဗိုလ်ညိုချောဒီကိစ္စ အမြန်ဖြေရှင်းပေးပါ"ဟု အတွင်းကျိတ်ပြဿနာကို ဖုံးဖိဖြေရှင်း မှုနှင့်ပတ်သက်၍ ပြောသွားလေသည်။


PDF နှင့် ထောက်ပို့တို့၏ ရန်ပွဲ
    ဗိုလ်ညိုချောဆိုသည့် နယ်စည်းမခြားစစ်ကိုင်းသား PDF ခေါင်းဆောင်က ဒေါင်းနီမလေးဆိုသည့် PDF လက်နက်ကိုင်ကလေးမလေးကို တော်လှန်ရေး သမားအချင်းချင်း သတ်ဖြတ်၊ အလောင်းဖျောက်၊ သတင်းဖုံးဖိထားမှုအပေါ် တော်လှန်ရေးသမားအချင်းချင်းလည်း အကွဲအပြဲ ပြင်းထန်လာကြသည်။ အထက်တွင်ဆိုခဲ့သည့် ထောက်ပို့မလေးက ဆူးနှင်းဆီဟု အမည်ပေးထားသည်။
    ဆူးနှင်းဆီဆိုသည့် အမျိုးသမီးက တရားမျှတ မှုအမှန်တရားကို တောင်းဆိုခဲ့ရာ ဗိုလ်ညိုချော၏ တပည့် Naing Ye Htut ဆိုသူက ဆူးနှင်းဆီကို ခြိမ်းခြောက်မှုဖြင့် တုံ့ပြန်လာလေသည်။ ထောက်ပို့တစ်ယောက်ကို PDF တစ်ယောက်က ခြိမ်းခြောက်သဖြင့် ဆူးနှင်းဆီက" Naing Ye Htut ဒီကောင်က ကိစ္စ အကြောင်းရာကို ဖုံးထားဖို့ အစီအစဉ်ရှိတယ်။ သူဘယ်သူလည်း သိချင်တယ်။ စစ်ကိုင်းသား ကျွန်မရဲ့ ရဲဘော်တွေ သိတဲ့သူရှိရင် ကျွန်မကို ပြောပြပေးပါဦး။ အမှန်တရားဆိုတာ ကိုယ့်လူ ဖြစ်နေလို့ ဖွက်ထားရမှာ မဟုတ်ဘူး။
    ပိုပြီး ဖော်ပြရမှာ ဒါမှ ကျွန်မတို့ ရဲဘော်ရဲ ဘက်တွေအတွက် စိတ်ချရမှာ။ ရန်သူကို ကြောက်ရမလား၊ ကိုယ့်လူကို ကြောက်ရမလား ပြဿနာကို ဒီလိုလုပ်တာ မှန်တယ်ဆိုရင် ကျန်သူတွေအတွက် မတွေးဝံ့စရာဘဲ။ ငါကစွပ်စွဲပြောဆိုထားတာ မရှိဘူး။ အကြောင်း ရင်းနဲ့ကိစ္စအမှန်ကို သိစေလိုတာပြည် သူထဲက ပြည်သူတစ်ယောက်အနေနဲ့ ပြောတာ။ အလားတူပဲ ပြည်သူလူထုကလည်း ဒီအကြောင်းအရာကို ကောင်းကောင်းကြီး သိချင်မှာပဲ။ NUG အစိုးရအနေနဲ့လည်း ဘယ်လိုမျိုး ဆောင်ရွက်မှုတွေရှိနေလဲ သိချင်တယ်"ဟု NUG ကိုတိုင်တည်ကာ စိန်ခေါ်ထားလေသည်။ ရဲဘော်ဒေါင်းနီအသတ် ခံရမှုအတွက် NUG ကို တိုင်တည်နေသူများ အမှန်တရားအတွက် တောင်းဆိုနေသည့် တော်လှန်ရေးဘက် အခြမ်းကလူများကို အမှန်တရားနှင့် တရားမျှတမှုမ တောင်းခင် NUG ၏ နောက်လိုက် PDF များက NUG တို့ဘက် သေနတ်ပြောင်း မလှည့်ရန်သာ ဆုတောင်းကြဟု အကြံပြုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် တော်လှန်ရေး ငါးနှစ်ကျော်လာချိန်တွင် NUG ၏ လူများက အချင်းချင်း သတ်ဖြတ်ရခြင်းကို လက်ယဉ်လာကြသည်။

ဒေါင်းနီမကိုသတ်တဲ့ သတင်းမဖြန့်ဖို့ နယ်စည်းမခြားအဖွဲ့ တောင်းဆို
    တော်လှန်ရေးသမားအချင်းချင်း အထူးသဖြင့် ခေါင်းဆောင်က ကိုယ့်တပည့်ကို သတ်လိုက်သည့် အမှုက သာမန်မဟုတ် ရှုပ်ထွေးလာနေပြီဖြစ်သည်။ ထိုသို့ရှုပ် ထွေးလာနေပြီး မရှင်းနိုင်တော့သည့်အဆုံး နယ်စည်းမခြား စစ်ကိုင်းသားအဖွဲ့ တာဝန်ရှိသူများက ဒေါင်းနီမကို သတ်ဖြတ်သည့်သတင်းများ မဖြန့်ဝေရန် တားမြစ်လိုက်သည်။
    "စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကိုင်းခရိုင် အမှတ်(၂) တပ်ရင်းတပ်ခွဲ(၄)(နယ်စည်းမခြား စစ်ကိုင်း သားအဖွဲ့)ခွဲမှူး ကိုညိုချောက အိပ်ပျော်နေတဲ့ တပ်ခွဲထောက်ပို့ ရဲမေ ဒေါင်းနီမကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပေမယ့် ဆေးကုသနေရတယ်" PDF အချင်းချင်း သတိပေးထားသည်။ ထို့အပြင် "ဖြစ်စဉ်က ဇူလိုင် ၅ ရက် မနက်ပိုင်းမှာ ဖြစ်ခဲ့တာ။ အဲဒီနေ့မှာပင် ဒေါင်းနီမကို ချက်ချင်းသင်္ဂြိုဟ်ခဲ့ပြီး သတင်းကို ပိတ်ပင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။ နယ်စည်းမခြား စစ်ကိုင်းသား အဖွဲ့တာဝန်ရှိ သူတစ်ဦးက ဆက်လုပ်ရမယ့် အရာလေးတွေ အခုဆို အခက်တွေ့နေပါပြီ"ဟု PDF ပြောထားသည်။
    ယနေ့ခေတ်စကားနှင့်ပြောရလျှင် နယ်စည်းမခြား စစ်ကိုင်းသားအဖွဲ့က PDF များ 'မှန်မှန် လိမ်စမ်း' ဟုသာ ပြောရမလို ဖြစ်နေတော့သည်။
ရွှေထီး  

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 89

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63563

© 2022 - 2026 News. All Rights Reserved.