နေပြည်တော် ဘိုးဘိုးကြီး

နိုင်ငံတော်အဆင့်ကို မသိဘဲ နိုင်ငံရေး အမြတ်ထုတ်နေသူများ
    သတင်းလောက ဆိုသည်မှာ အချက်အလက် မှန်ကန်မှု၊ အမြော်အမြင်ရှိမှုနှင့် ဖြစ်ရပ်မှန်များကို တိကျစွာ သုံးသပ်နိုင်စွမ်းတို့အပေါ် အခြေခံရသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း လက်ရှိကာလတွင်မူ လက်တွေ့နယ်ပယ်၏ အနိမ့်အမြင့်၊ အလုပ်၏ အနှစ်သာရကို ကိုယ်တိုင်ကိုယ်ကျ မဖြတ်သန်းဖူးဘဲ လေထဲတိုက်ဆောက်ကာ ဝေဖန်ရေးဆန်ဆန် စွပ်စွဲပြောဆို တတ်ကြသည့် အလေ့အထများ ရှိနေသည်ကို တွေ့ရသည်။
    အထူးသဖြင့် နိုင်ငံတော်အဆင့် ခရီးစဉ်များ၊ နိုင်ငံရေးနှင့် သံတမန်ရေးရာ အခင်းအကျင်းများကို ကိုယ်တိုင်မျက်မြင် မတွေ့ကြုံဖူးဘဲနှင့် ‘နိုင်ငံတော်အဆင့်’ဆိုသည့် ဝေါဟာရ၏ လေးနက်မှု၊ လုပ်ထုံးလုပ် နည်းနှင့် သဘောသဘာဝကို နားမလည်ဘဲ လေထဲကနေလှမ်းပြီး ဝေဖန်နေကြခြင်းမှာ သတင်းသမား တစ်ယောက်အနေ ဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့လွန်းလှပေသည်။
    ဤကဲ့သို့သော အခြေအနေကို ကြည့်ရသည်မှာ ဖဲဝိုင်းထဲက အသုံးအနှုန်းဖြစ်သည့် ‘အောက်ဖဲ ရှစ်နဲ့ ရှိုးနေသူ’ တစ်ယောက်၏ ပုံစံအတိုင်းပင် ဖြစ်နေပေသည်။ ဖဲဝိုင်းထဲတွင် တကယ့်လက်ထဲက အဓိကကျသည့် ဖဲကိုင်ထားသည်မဟုတ်ဘဲ အလွန်တရာမှ သေးငယ်ပြီး အဖိုးမတန်လှသည့် အောက်ဖဲ ‘ရှစ်’ ကဲ့သို့သော အညံ့စားဖဲကို ကိုင်ထားလျက်နှင့် ဘာမှန်းညာမှန်းမသိဘဲ အထင်ကြီးကြီးဖြင့် ‘ရှိုး’ခေါ်ကာ အာဏာပြ၊ ဟိတ်ဟန် ထုတ်နေသည့် လူမျိုးနှင့် အလွန်ပင်တူနေပေသည်။
    ပိုကာဝိုင်းတွင် ‘ခေါ်ဖဲ’ ကို ကိုယ်တိုင်လည်း မသိ၊ သူများလက်ထဲက ကိုင်ထားသည့်ဖဲက ဘာလဲဆိုတာလည်း မသဲကွဲဘဲ မျက်စိမှိတ်လိုက်မိပါက ငွေကြေးဆုံးရှုံးရုံသာ ရှိမည်ဖြစ်သည်။ သို့သော် သာလွန်ကြီးမားလှသည့် ‘နိုင်ငံရေး’နှင့် ‘နိုင်ငံတော်အရေး’ ကဲ့သို့သော ကွင်းပြင်ကြီးထဲတွင်မူ ဤကဲ့သို့ အသိဉာဏ် ကင်းမဲ့စွာဖြင့် အပေါ်ယံ သဘောမျှသာ ကြည့်ကာ လေကြောရှည် ဝေဖန်နေခြင်းသည် ငွေကြေးဆုံး ရှုံးရုံမျှနှင့် ပြီးသွားမည့် ကိစ္စမဟုတ်ပေ။ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ တိုင်းသူပြည်သားများ၏ အနာ ဂတ်နှင့် နိုင်ငံရေးရပ် တည်ချက်များပါ ထိခိုက်စရာရှိပြီး၊ အဆုံးစွန်တွင်မူ ထိုသို့သော အတ္တကြီးသူများ၏ မဆင်မခြင်လုပ်ရပ်ကြောင့် မိမိတို့၏ ဘဝပါ အပြီးအပိုင် ပျက်စီးသွားရသည်အထိ ဆိုးကျိုးများ ကြုံတွေ့ ရတတ်ပေသည်။
    ထို့ကြောင့် နိုင်ငံတော်အဆင့် ခရီးစဉ်များနှင့် မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များကို ဝေဖန်သုံးသပ်ရာတွင် ကိုယ်ပိုင်အသိအမြင်၊ လက်တွေ့ အတွေ့အကြုံနှင့် ဖြစ်ရပ်မှန်များကို အခြေခံရန် အလွန်ပင် လိုအပ်လှပေသည်။ ဖဲဝိုင်းထဲက အောက်ဖဲရှစ်ကိုင်ကာ အပေါစား ဟိတ်ဟန်ထုတ်နေသကဲ့သို့ မဆင်မခြင် လိုက်ပါဝေဖန် နေခြင်းများကို ရပ်တန့်ကာ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် လုပ်ငန်းစဉ်များကို မှန်ကန် သောရှုထောင့်မှ ဝေဖန် ပိုင်းခြားနိုင်ကြရန် သတိပြုရမည့်အချိန်ပင် ဖြစ်ပေသည်။


အမှန်တရားကို ဖိအားပေး၍ မရနိုင်ပါ
    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲဖြစ်စဉ်များသည် အာဆာအကြမ်းဖက်အဖွဲ့၏ တစ်ပြိုင်နက်တည်း အကွက်ချကြို တင်စီစဉ် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ကို အကြိမ်ကြိမ် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ဖြစ်စဉ်အမှန်သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် အာဆာအကြမ်းဖက်အဖွဲ့က လူအင်အား၊ လက်နက်အင်အားဖြင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)ရှိ လုံခြုံရေးရဲကင်းများနှင့် ရဲတပ်ရင်းများကို တစ်ပြိုင်တည်း တိုက်ခိုက်မှုများ၊ ထပ်တိုးတိုက်ခိုက်မှုများ ပြုလုပ်ရုံသာမက အစိုးရဝန်ထမ်းများ၊ ဒေသခံတိုင်းရင်း သားများအား အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးဖြင့် တုံ့ပြန် ဆောင်ရွက်ခဲ့ရသည်။ သို့သော် ကမ္ဘာ့နိုင်ငံအချို့က အာဆာအကြမ်းဖက်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို လျစ်လျူရှုထားသဖြင့် အကြမ်းဖက်လုပ် ရပ်အမှန်ကိုသာ မှန်မှန်ကန်ကန် ရှုတ်ချသင့်သည်။
    ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နောက်ဆက်တွဲအခြေအနေများကို နိုင်ငံအချို့က ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက် မီဒီယာများအနေဖြင့် အမျိုးမျိုးအဖုံဖုံ ရေးသားထုတ်လွှင့် ဖော်ပြလျက်ရှိကြသည်။ ယင်းသို့ ရေးသားထုတ်လွှင့်ဖော် ပြပြောဆိုနေမှုများသည် သတင်းမှားများ၊ အချက်အလက်မှားများအပေါ် အခြေခံလျက် တစ်ဖက်စောင်းနင်း ရေးသားဖော်ပြ ပြောဆိုနေကြ သည်ကို တွေ့ရှိရမည် ဖြစ်သည်။
    အာဆာအကြမ်းဖက်များ၏ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ၎င်းင်းတို့၏ အစွန်းရောက် အကြမ်းဖက်ဝါဒဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်မှုကြောင့် ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့ လည်းကောင်း၊ ရခိုင်ပြည်နယ်(မြောက်ပိုင်း)မှ ဘင်္ဂါလီများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လည်းကောင်း နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သဖြင့် မိမိနိုင်ငံအား ကာကွယ်ပိုင်ခွင့်နှင့် နိုင်ငံနှင့်လူမျိုးအပေါ် ကျူးလွန်သည့်အကြမ်းဖက်တိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ အကြမ်းဖက် တိုက် ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ရာတွင် အပြစ်မဲ့ ဒေသခံ ပြည်သူများနှင့် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်။
    ထို့အပြင် မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့် လွဲမှားစွာ သုံးစွဲဖော်ပြလျက်ရှိသည့် အခြေအနေများကိုလည်း ပြတ်သားစွာ ကန့်ကွက်ရှုတ်ချရမည် ဖြစ်သည်။ နိုင်ငံရေးအရ အမြတ်ထုတ်ရန်အတွက် ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ ထုတ်ပြန်နေခြင်းသည် လုံး၀ လက်ခံနိုင်စရာအကြောင်း မရှိပေ။ ယင်းဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်ရရှိထားသည့် သဘောတူညီချက်များနှင့်အညီ စိစစ်ပြီးနေ ရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံက စေတနာအမှန်ဖြင့် ကြိုးပမ်းအားထုတ်မှုများအတွက် အပြုသဘော ဆောင်သည့် အထောက်အပံ့ဖြစ်မည် မဟုတ်ပေ။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသူအားလုံးကို မြန်မာနိုင်ငံမှ ဒုက္ခသည်များဟု စွပ်စွဲပြောကြားမှုများသည် အခြေအမြစ်မရှိသည့် ပြောဆိုမှုများသာ ဖြစ်သည်။ အဆိုပါပြောဆိုချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် စိုးရိမ်မကင်း ဖြစ်မိသည်။
    မြန်မာနိုင်ငံက ရခိုင်ပြည်နယ်တွင် အမှန်တကယ်နေထိုင်ခဲ့ကြသူများကို ပြန်လည်လက်ခံရန် စိတ်ဆန္ဒအမှန်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ်သို့ ဖိတ်ကြားရှင်းလင်းသည့်ခရီးစဉ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မျက်မြင်စစ်ဆေးခြင်း ခရီးစဉ်၊ သံတမန်များအား ပြသသည့် ခရီးစဉ်များဖြင့် ခိုင်ခိုင်မာမာ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ နေရပ်စွန့်ခွာသွားသူများ ပြန် လည်လက်ခံရေးကိစ္စသည် နှစ်နိုင်ငံအကြား ဖြေရှင်းရမည့်ကိစ္စဖြစ်သည်။ ဆက်လက်၍လည်း မြန်မာနိုင်ငံ အနေဖြင့်စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ ဆန္ဒအလျောက် လုံခြုံမှု၊ ဂုဏ်သိက္ခာရှိမှုဖြင့် ပြန်လ နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် ခင်မင်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများနှင့် လုံခြုံရေး ကောင်း မွန်သည့်အခါတွင် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။
    သို့ဖြစ်ရာ မြန်မာနိုင်ငံအစိုးရအနေဖြင့် စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ဆန္ဒအလျောက်၊ လုံခြုံဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်းစိတ်ဓာတ် ကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ရာ နေရပ်စွန့်ခွာ သူများနှင့်ပတ်သက်၍ မြေပြင် ပကတိ အခြေအနေအမှန်ကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံအချို့က နိုင်ငံရေးလှုံ့ဆော်မှုဖြင့် နိုင်ငံတကာ ပြဿနာအဖြစ် လွဲမှားစွာမမှန် မကန်ပုံဖော်နေမှုများ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက် မီဒီယာ များတွင် ဖော်ပြချက်များကို ပြတ်သားစွာပယ်ချပြီး မှန်ကန်သော ဆောင်ရွက်ချက်များဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ 


ငှက်ပျောသီး ကျွေးမိသူများ
    ဗိုက်ဆာနေတဲ့ ခြိမ့်ကေကိုဆိုသော ကောင်လေးကို မြန်မာပြည်သိန်းတန်က Myanmar Idol မှာ ငှက် ပျောသီးကျွေးလိုက်ရာကနေ ဘိုးဘိုးကြီးတို့မှာ ဘနားနားဆိုသည့် အနုပညာပိုးပါသူ တစ်ယောက်ကို သည်းခံစိတ်များနှင့် ကြည့်ရှုနားထောင်ခဲ့ကြရသည်။ သို့သော် သေချာပြန်တွေးလျှင် ဘနားနားလောက်မှ အသုံးမကျသူတွေရှိမှန်း တဖြည်းဖြည်း သိလာရသည်။ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး ပြည်ပထွက်ပြေး သူတွေ များသည် ဘနားနားလောက်ပင် တိုင်းပြည်အပေါ် စေတနာမရှိသူများဟု ဆိုချင်သည်။
    ပြည်တွင်းကလူတွေ ပြည်ပထွက်ပြေး၊ နိုင်ငံရေးလုပ်စားတွေကို တက်ညီလက်ညီ ပြန်ဆဲလာကြတာဟာ ဝမ်းသာစရာဖြစ်ကြောင်း ဘိုးဘိုးကြီး၏ မိတ်ဆွေတစ်ယောက်က ရေးထားသည်ကို ဖတ်လိုက်ရသည်။
    “အနုပညာသမားက သူ့ရဲ့အနုပညာကို ရောင်းတယ်။ ကြိုက်နှစ်သက်သူက အားပေးတယ်။ လိမ်စားတာ တစ်ခုမှ မပါဘူး။ နွေဦးတော်လှန်ရေး ဗန်းပြပြီး အောင်ကြည်ညွန့်တို့ မိသားစုက အိမ်ဝယ်ပြီး ဆွေမျိုးတပြုံတသိုက်နဲ့ နှပ်နေတယ်။
    ဒူဝါလရှီးလသားက ဘာနိုင်ငံရေးမှ မလုပ်ဘဲ စင်ကာပူကနေ အမေရိကား လာနေတယ်။ မန်းဝင်းခိုင်သန်း မိသားစုတွေက အမေရိကားမှာ အစောဆုံးရောက် ဇိမ်ကျနေပြီ။ ရည်မွန်ကလည်း သူ့အတွက် တွက်ခြေမကိုက်ရင် အရက်တောင် ဝယ်မသောက်။ ပြည်တွင်းကို D-Day ခေါ် လူငယ်တွေကို အသေခံခိုင်း၊ မိသားစုကို အမေရိကားပို့၊ ပရောဂျက်တွေ လိမ်စား၊ သယံဇာတတွေ စာရင်းအင်းမရှိ ခိုးစား၊ လေးခွကြိုး သာ မဆွဲနိုင်၊ အခြေခံ စစ်သင်တန်းလဲ မတက်၊ အတည်ပေါက်ပဲ စစ်အင်္ကျီ ဝတ်ပြီး မိန့်ခွန်းပြော၊ လွင်ကိုလတ်ကလည်း မယားကြီးကို အမေရိကားပို့၊ တော်လှန်ပိုက်ဆံနဲ့ မယားငယ်နဲ့ ကလေးမွေး၊ တင်ထွန်းနိုင်ဆိုတာ ကျားဖျန့်အကြီးစား။ ပြောရ မယ်ဆိုရင် NUG ဆိုတာ အလောင်းဖောက်စား၊ လူကုန် ကူးနေတဲ့ သူခိုးဈေး ပြည့်တန်ဆာအိမ်ကြီးပါ။ သူခိုးဈေးထဲ ဖက်ဒရယ်ပြည်ထောင်စုပြောနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆိုတာကလည်း ဗမာလူလိမ်သူခိုးတွေနဲ့ ပုလင်းတူဘူးစို့ ပေါင်းစားနေတဲ့ လူစုတ်တွေပါ။ သယံဇာတတွေ ရောင်းစားပြီး ငွေရွှင်နေကြသူတွေပါ။ 
    ဒီလိုစရိုက်တွေနဲ့ တော်လှန်ရေး အောင်ဖို့ဆိုတာ ဒီတစ်သက်မပြောနဲ့ နောက်ဘုရားပွင့်တောင် မအောင်ဘူး၊ စိတ်ကူးယဉ်မနေနဲ့။ သူတို့ ဥပဓိရုပ်တွေ သာကြည့်လိုက် အရက်ခိုးဝေနေတဲ့ ပြည့်တန်ဆာအိမ်။ တော်လှန်ရေးဗန်းပြစရာမရှိရင် သူတို့မှာ ဘဝရပ်တည်ဖို့ မဖြစ်နိုင်ပါ။ ဒါ့ကြောင့် ပြည်တွင်းက လူတွေအနေနဲ့ နိုင်ငံရေးလုပ်စား သူတောင်းစားများကို ဆက်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ပြန်ဆဲကြပါ။ ကိုယ့် ဘဝကို ရတဲ့နေရာက ပြန်တည်ဆောက်ကြပါ။ ပြည်ပထွက်ပြေးတွေ အိမ်ပြန်လာဖို့ အရည်အချင်းမရှိကြ ပါဘူး”ဟု ရေးသားထားသည်။
    ခြိမ့်ကေကိုကို ငှက်ပျောသီးကျွေးလိုက်တော့ ပြည်သူတွေ ရယ်မောရသည်။ လူလိမ်သူခိုးများကို ငှက်ပျောသီးကျွေးကြသူများ အသိ တရားရသင့်ပါပြီ။  . . .

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65626

© 2022 - 2026 News. All Rights Reserved.