Breaking

နိုင်ငံတကာသို့ မြေပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိ

၂၀၂၃ ဇူလိုင် ၁၁

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလကနေ ဇွန်လအထိ (၃)လတာအတွင်း ပြည်ပကို မြေပဲတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကသိရပါတယ်။ မြေပဲက ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိတဲ့ ဆီထွက်သီးနှံဖြစ်သလို ပြည်ပကို တင်ပို့ရောင်းချပြီး ပြည်တွင်းမှာ လည်း ဆီစက်တွေနဲ့ ပဲလှော်၊ ပဲကြော်သမားတွေရဲ့ ဝယ်ယူမှုရှိနေတယ်လို့ သိရပါတယ်။

အခု ဘဏ္ဍာနှစ် ဧပြီလကနေ ဇွန်လအထိ ၃ လတာ ကာလအတွင်းမှာ မြေပဲကို ပင်လယ်ရေကြောင်း ကုန်သွယ် ရေးလမ်းကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့ကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၃၈၈ သန်းဖိုးတင်ပို့ ရောင်းချပေးခဲ့တယ်လို့ ဆိုပါတယ်။အခု ဇူလိုင်လအစပိုင်းရက်တွေက ပြည်တွင်းမြေပဲဈေးကွက်မှာ မြေပဲဆီဆန်အဖြူ တစ်ပိဿာကို ကျပ် ၆၃၀၀၊ မြေပဲဆီဆန်အနီ တစ်ပိဿာကို ကျပ် ၇၇၀၀ ဈေးရှိနေတာကြောင့် ပြီးခဲ့တဲ့ဇွန်လအတွင်းက ဈေးနှုန်းတွေထက် တစ်ပိဿာကို ငွေကျပ် ၂၀၀ လောက်ဈေးမြင့်တက်လာတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြေပဲလုံးဆန် ဈေးနှုန်းတွေကလည်း အဖြူ တစ်ပိဿာကို ငွေကျပ် ၆၈၀၀၊ အနီ တစ်ပိဿာကို ငွေကျပ် ၈၂၅၀ ရှိနေတာကြောင့် ပြီးခဲ့တဲ့ဇွန်လအတွင်းက ဈေးနှုန်းတွေထက် တစ်ပိဿာကို ငွေကျပ် ၁၀၀ ကနေ ၁၅၀ လောက်အထိ ဈေးနှုန်း မြင့်တက်လာခဲ့တယ်လို့လည်းသိရပါတယ်။

Total Views ~ 556

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.