လျှပ်စစ်သုံးမော်တော်ယာဉ်များ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ ထပ်မံ ရောက်ရှိလာ

၂၀၂၃ စက်တင်ဘာ ၁၁
    တရုတ်နိုင်ငံမှ တင်သွင်းလာသည့်Geely Geometry E အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းသို့ ထပ်မံရောက်ရှိလာကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
    အဆိုပါ EV ယာဉ်များမှာ ပြီးခဲ့ သည့် စက်တင်ဘာ ၇ ရက်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိလာခြင်း ဖြစ်သော်လည်း အစီးရေမည်မျှ ရောက်ရှိလာ သည်ကို အကောက်ခွန်ဌာနမှ ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။
    ပြီးခဲ့သည့် ဇန်နဝါရီလတွင် ငွေ ကျပ်သိန်း ၇၀၀ ဝန်းကျင်သာ ပေါက်ဈေး ရှိခဲ့သည့် EV ကားများသည် လက်ရှိတွင် အမျိုးအစားပေါ်မူတည်၍ ကျပ်သိန်း ၁၀၀၀ ဝန်းကျင်မှ ကျပ်သိန်း ၁၆၀၀ ကျော်အထိ ဈေးမြင့်လာနေကြောင်း ကားဈေးကွက်အ တွင်းမှ သိရသည်။
    လက်ရှိတွင် ပြည်တွင်း၌ ရှစ်လ အတွင်း EV ကားအစီးရေ ၆၀၀ ကျော် မှတ်ပုံတင်ခွင့်ပြုထားကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
    လက်ရှိတွင် ပြည်တွင်း၌ လောင်စာဆီသုံး အိမ်စီးကားဈေးမှာ အကျဘက်သို့ ဦးတည်နေကြောင်း ကားဝယ်ရောင်းလုပ်ကိုင် သူများထံမှ သိရသည်။

Total Views ~ 626

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63917

© 2022 - 2026 News. All Rights Reserved.