STP Event Management Team မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းအောင်နှင့် တွေ့ဆုံခြင်း

ဒီပြပွဲက သံရုံးတွေရဲ့ အကူအညီကိုယူပြီး မြန်မာနိုင်ငံကို ခရီးသွားပြန်လာအောင် ကျွန်မတို့ ဆွဲဆောင်ထားပါတယ် . . .


၂၀၂၆ ၊ စက်တင်ဘာ ၃

     Myanmar Business Trade Show & Travel Expo 2026 ပြပွဲကို စက်တင်ဘာ ၄ ရက်မှ ၆ ရက်ထိ ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ သုံးရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကာ အဆိုပါပြပွဲတွင် B2B Networking & Business Matching အခွင့်အလမ်း အစီအစဉ်များ၊ Global & Local Connections ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအချင်းချင်း Intercation အစီအစဉ်များအပြင် စီးပွားရေးဈေးကွက် ချဲ့ထွင်နိုင်မှု၊ နိုင်ငံတကာ သံရုံးများနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ ကြောင့် နိုင်ငံတကာသံရုံးများနှင့် ပူးပေါင်းကျင်းပသည့် အဆိုပါပြပွဲနှင့်ပတ်သက်၍ STP Event Management Team မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းအောင်နှင့်  တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။


TREND ။    ။ Myanmar Business Trade Show & Travel Expo 2026 ပြပွဲနှင့်ပတ်သက်ပြီး ကျင်းပရတဲ့ အကြောင်းအရာလေး ပြောပြပေးပါဦး။
DTTA    ။    ။
ဒီပြပွဲမှာဆိုလို့ရှိရင် သံရုံးတွေပါ ဝင်ထားတယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ သံအမတ်ကြီးတွေ အများကြီးပါဝင်တယ်။ သံရုံးအသီးသီးက ဖိတ်ကြားထားတဲ့ ပြည်တွင်းမှာရှိတဲ့ သံရုံးပေါင်း ၄၀ ကျော်လည်း လာရောက်လည်ပတ်ကြမယ့်ပွဲကြီးပါ။ အဓိက ကျွန်မတို့ရဲ့ ပြပွဲသက်သက်၊ ရောင်းပွဲသက် သက်မဟုတ်ဘဲနဲ့ ကျွန်မတို့ Business Networking, Exhibition plus Business Networking ကို အကောင်အထည်ဖော်ပေးတဲ့ ပွဲကြီးဖြစ်ပါတယ်၊၊ ဒီပွဲမှာဆိုလို့ရှိရင် ကျွန်မတို့ Local လုပ်ငန်းရှင်အသင်းတွေရော၊ မြန်မာနိုင်ငံ မှာရှိနေတဲ့ လုပ်ငန်းရှင် အသင်းတွေဖြစ်တဲ့ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ Tourism အသင်းတွေ၊ ကျန်တဲ့ မြန်မာနိုင်ငံခြား မိတ်ဖက်အသင်းတွေ အများကြီးကိုလည်း ကျွန်မတို့ ဖိတ်ကြားထားပြီးတော့ Visitor အနေနဲ့ရော၊ ပူးပေါင်းပါဝင်မှုအနေနဲ့ရော ပါဝင်ကြပါတယ်။ ဒီမြန်မာမှာရှိနေတဲ့ International လုပ်ငန်းရှင်အသင်းတွေအများကြီးလည်း လာရောက်ကြတဲ့ ပွဲကြီးပါ။ Singapore Association Myanmar နဲ့ Bangladesh - Myanmar Chamber of Commerce ဆိုလည်း ပူးပေါင်းပြီးတော့ ပါဝင်ထားတယ်။ အခြားလုပ်ငန်းရှင်တွေ၊ နောက်ပြီးတော့ သံရုံးတွေ၊ သံရုံးတွေဆီ ကိုလာတဲ့ Delegation တွေအစ ပါဝင်ထားတာတွေ အများကြီး ရှိပါတယ်။


TREND    ။    ။ ပြပွဲကို ဘယ်ရက်တွေမှာ ကျင်းပပြီးတော့ ဘယ်လိုအစီအစဉ်တွေ ပါဝင်သွားမလဲ။
DTTA    ။    ။
ပြပွဲကတော့ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်သုံးရက်ကြာ Expo Day ဖြစ်ပြီး Open to Public ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မည်သူမဆို ရန်ကုန်မြို့မှာရှိတဲ့ Pan Pacific ဟိုတယ်ကို တက်လာခဲ့ပါ။ Ballroom တစ်ခုလုံးမှာ ကျွန်မတို့ပွဲလေးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမှာဖြစ်ပါတယ်။ ဖွင့်ပွဲမှာဆိုရင်လည်း ထက်အာကာရဲ့ တကယ်မြန်မာ့သံစဉ်တွေနဲ့ လောကပါလ Entertainment ရဲ့ ပါဖောမန့်လေးတွေတင်မကဘဲ နဲ့ Project K အဖွဲ့တွေ ပါဝင်မှာပါ။ Sector ပေါင်းစုံက Business တွေလည်း ပါဝင်ထားတယ်။ ပြပွဲနောက်ဆုံးရက်မှာတော့ B2B Meeting Only ပါပဲ။ အဲဒီနေ့ဆို သံရုံးတွေရဲ့ Representative တွေ၊ လုပ်ငန်းရှင်အသင်းက Local ရော၊ International လုပ်ငန်းရှင်အသင်းက Representative တွေနဲ့ ကျွန်မတို့ပါဝင်ထားတဲ့ လုပ်ငန်းရှင်တွေ အကုန်လုံးနဲ့ B2B Meeting လုပ်မှာဖြစ်ပါတယ်။ တစ်နေကုန် B2B Meeting ရော၊ ညဘက်ကျရင် Gala Dinner Networking Evening တွေအစ ပါဝင်ထားတယ်။ ကျွန်မတို့ရဲ့ B2B Meeting ကတော့ အသက်ပဲပေါ့။ အားလုံး Collaboration တွေ အကောင်အထည်ဖော်တာ ဖြစ်သွားကြတာပေါ့နော်။ မြန်မာနိုင်ငံရဲ့ Business Area လေး ပြောင်းလဲသွားတဲ့အထိကို Effective ဖြစ်အောင်လို့ ရည်ရွယ်ပြီးတော့ ပြုလုပ်တဲ့ ပွဲလေးပါ။ အရင်တုန်းက ကျင်းပတဲ့ပြပွဲတုန်းကလည်း တကယ့်ကို ထူးထူးခြားခြား အောင်မြင်ခဲ့ပါတယ်။


TREND    ။    ။ ဖြေတဲ့အထဲမှာလည်း ပါသွားတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး Network  တွေ ရရှိမယ်ဆိုတော့ စီးပွားရေးကဏ္ဍနဲ့ပတ်သက်တဲ့ ဘယ်လိုမျိုး Network တွေ ပါဝင်သွားဖို့ရှိလဲဆိုတာ သိချင်ပါတယ်။
DTTA    ။    ။
စီးပွားရေး ချိတ်ဆက်မှုတွေကတော့ ပြည်တွင်းနဲ့ နိုင်ငံတကာက စီးပွားရေးနဲ့ သံတမန် Network တွေ အကုန်လုံးလာပြီး ဆုံစည်းမယ့်ပြပွဲ ဖြစ်ပါတယ်။ Local နဲ့ပတ်သက်ပြီးတော့ Business ကို ဖြန့်ချင်သလား၊ International နဲ့ပတ်သက်ပြီးတော့ Business ကို ဖြန့်ဝေချင်တယ်ဆို ဒီပြပွဲမှာ အစုံရှိပါတယ်။ ပါဝင်ထားတဲ့ လုပ်ငန်းတွေဆိုလို့ရှိရင်လည်း Sector အစုံပါပဲ။ အထည်အလိပ်နဲ့ ပတ်သက်တာတွေ၊ Wearing တွေ၊ အမျိုးသမီးဝတ်၊ အမျိုးသားဝတ် အကုန်ရှိတယ်။ လက်ဝတ်ရတနာဆိုလို့ ရှိရင်လည်း ဒီပွဲရဲ့ Main Highlight ဖြစ်တဲ့ Jellwery တွေ ဆိုလို့ရှိရင်လည်း တကယ့် Sector ပေါင်းစုံနဲ့ ပါဝင်ထားတယ်။ ကျွန်မတို့မှာ တကယ် Jade ဆိုလို့ရှိရင်လည်း မြန်မာ့ Authentic Jade တွေ၊ ရိုးရိုး Market မှာ မတွေ့နိုင်တဲ့ Jade တွေ၊ နောက်ပြီး  Ruby Sponsor ဆိုလို့ရှိရင်လည်း တော်တော်လေး အဆင်ပြေတယ်။  မြန်မာ့ပတ္တမြားကို ဟိုးအောက်ခြေ မြေအောက် လွှာစည်းစနစ်က မိုင်းကနေ တိုက်ရိုက်လာတဲ့ ပတ္တမြားတွေ၊ ပြီးလို့ရှိရင် လက်ဝတ်ရတနာမှာ ဆိုလို့ရှိရင် လည်း Specialist တွေ အကုန်လုံး အများကြီးရှိတယ်။ Sector မတူတဲ့ပုံစံလေးတွေကို ကျွန်မတို့ ရွေးပြီး ထည့်ထားတာပါ။


TREND    ။    ။ ပြပွဲကို လာရောက်လေ့လာခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။
DTTA    ။    ။
ပြပွဲကို လာလိုက်တာနဲ့ ရွေးစရာလေးတွေ Sector ပေါင်းစုံရှိတယ်ဆိုတဲ့ ဟာမျိုးလေးဖြစ်အောင်ပေါ့။ ကျွန်မတို့က Product တွေဆိုရင်လည်း Same Product တွေဆို နှစ်ခု၊ သုံးခုထက် ပိုမထည့် ဘူးပေါ့နော်။ အနည်းဆုံး တစ်ခု၊ နှစ်ခု အဲဒီလောက်ပဲထည့်တယ်။ အဲဒီလောက်ထက် ပိုမထည့်ဘဲနဲ့ ကျွန်မ တို့သွားတယ်။ လက်ဝတ်ရတနာဆိုရင်လည်း ကဏ္ဍမတူတဲ့ လက်ဝတ်ရတနာတွေအများကြီးကို ကျွန်မတို့ ထည့် ပေးထားတယ်။ Product တွေဆိုရင်လည်း အဲဒီလိုပဲ၊ တစ်ခုဆိုတစ်ခု သေချာ Branding လည်း ကောင်းကောင်းဖြစ်အောင်၊ Promoting လည်း ကောင်းကောင်းဖြစ်အောင် Sector တွေမတူအောင် ကျွန်မတို့ ထည့်ပေးထားတာပါ။ 

TREND    ။    ။ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီးလည်း ပါဝင်တော့ ကိုယ်တိုင်လည်း အတွေ့အကြုံရှိတော့ ဒါလေးလည်း ဖြေကြားပေးပါဦး။
DTTA    ။    ။ 
Travel and Tours တွေကိုလည်း ကျွန်မတို့ အဓိကထားပြီး ဒီတစ်ခါ ပါဝင်ထားတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ နိုင်ငံတကာနဲ့ Business စမယ်ဆိုလို့ရှိရင် အဓိကအရေးကြီးတာက Tourism ပဲ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်အိမ်နဲ့တစ်အိမ်သွားမလားဆိုရင် တစ်ယောက်နဲ့တစ်ယောက်အကြောင်း မသိသလိုပေါ့။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ သွားလာလည်ပတ်ဖို့ဆိုရင် First Step အနေနဲ့ Tourism က အဓိကပဲ။ အခြား Business တွေ ထပ်ပြီးဖြစ်လာဖို့ဆိုရင် သွားလာလည်ပတ်မှဖြစ်တာ။ သွားလာလည်ပတ် ပြီးမှ တစ်ယောက်နဲ့တစ်ယောက် Getting to know each other မှာ ဖြစ်လာတာ။ အဲဒီတော့ Tourism ကို ကျွန်မတို့ ဘယ်နည်းနဲ့မဆို ရအောင်ပြန်ပြီး Booming ဖြစ်အောင်လုပ်ဖို့အတွက်ကြောင့်မို့လို့ ခု ၂၀၂၆ မှာ ရည်ရွယ်ထား တယ်။ Visit Myanmar Year ဆိုတာ ရှိခဲ့တယ်လေ။  ဒီနှစ်လေးမှာ Tourism တွေရော၊ ကျွန်မတို့ ထိခိုက်ခဲ့ရတဲ့ စီးပွားရေးတွေ အကုန်လုံးပြန်ပြီးတော့စနိုင်အောင် ကျွန်မတို့ ရည်ရွယ်ထားတယ်။ ဒီ ၂၀၂၆ မှာပေါ့။ တတ်နိုင်တဲ့နည်းနဲ့ပေါ့နော်၊ Inbound တွေက သိပ်အဆင်မပြေသေးဘူး၊ သို့သော် Inbound တွေကိုလည်း နိုင်တဲ့ဘက်ကနေပြီးတော့ ဘယ်နေရာလေးတွေ တစ်ဆင့်လုပ်လို့ရလဲဆိုပြီးတော့ သံရုံးတွေ အကူအညီနဲ့ သူတို့ Delegation တွေကိုခေါ်ပြီးလာ မှသိမှာ။ ကျွန်မတို့နိုင်ငံက ကမ္ဘာမှာဆိုလို့ရှိရင် နှစ်မျိုးကွဲနေတယ်။ Myanmar လို့ ပြောလိုက်လို့ရှိရင် မြန်မာနိုင်ငံ နှစ်နိုင်ငံရှိတယ်လို့တောင် ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ Website မှာရှိနေတဲ့ မြန်မာနိုင်ငံ၊ သူတို့သိထားတဲ့ မြန်မာနိုင်ငံနဲ့တကယ့် Reality မြန်မာနိုင်ငံနဲ့က တခြားစီ။ ကျွန်မတို့အနေနဲ့သွားပြီး ဟိုမှာပွဲတက်ရတယ်၊ Speech ပြောရတယ်ဆိုလို့ရှိရင် သူတို့မေးကြတယ်၊ ကိုယ့်နိုင်ငံအကြောင်းတွေ သူတို့ကောင်းကောင်း မသိကြသေးဘူးပေါ့နော်။ တကယ့် Information အမှန်တွေ မသိကြသေးဘူး။ ဒါက လာလည်မှသိမှာ။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်မတို့နိုင်တဲ့ဘက်ကနေပြီး ဒီပွဲလေးလုပ် ပြီးတော့ သံရုံးတွေရဲ့ အကူအညီကိုယူပြီး ဒီနိုင်ငံကို ပြန်လာလည်အောင် ကျွန်မတို့ ဆွဲဆောင်ထားတာပါ။ လာလည်၊ လာပြီးတော့ စကားပြောကြည့်မှ ဒီနိုင်ငံမှာ ဘယ်နေရာလေးတွေ ဘယ်လိုရှိလဲ၊ ဘယ်နေရာ လေးတွေ သွားလို့ရလဲ၊ ဘာလုပ်လို့ရလဲ၊ နောက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ Excursion Trips တွေလည်း ကျွန်မတို့ စီစဉ်ထားတာ ဒါ Tourism တွေ အဓိကပေါ့နော်။ အဓိကအနေနဲ့ ဘုရားဖူးလား၊ ဘုရားဖူးဆိုလို့ရှိရင် ကျွန်မတို့ ဗုဒ္ဓဘာသာတင်မကဘဲနဲ့ Hindu တို့၊ ဘာတို့ ဘုရားဖူးတာ လည်းရှိတယ်၊ အဲဒီဘုရားဖူး Tourism လား၊ နောက် Medical Tourism  လား၊ Health Care Tourism တွေ၊ နောက်ပြီးလို့ရှိရင် အလှအပရေးရာ Tourism တွေကအစ ရှိတာ။ အခုဆို Travel Agency တွေ လိမ်ညာတာတွေ၊ ဘာတွေ ကအစ ရှိနေတယ်ဆိုပြီး အွန်လိုင်းမှာ အများကြီးနာမည် ကြီးတယ်။ အဲဒီအတွက် ကျွန်မတို့ဒီပွဲမှာ ပါထားတဲ့သူ တွေဆိုရင်လည်းတကယ့် Trusted Relia-ble Partners တွေချည်းပဲ။ အဲဒီအတွက်ကြောင့် ဒီပွဲမှာ ပါထားတဲ့သူတွေ ဒီအေးဂျင့်တွေကို ယုံကြည်စွာ အပ်နှံလို့ရသလို၊ အပြင်ကလာတဲ့ Outside Visitor တွေ၊ ဒီနှစ်နဲ့ ဒီကျွန်မ တို့ဒီပွဲမှာ ဖိတ်ကြားပါဝင်ထားသူ ပါဝင်ထားတဲ့သူတွေနဲ့ အသေအချာယုံကြည်စွာ လက်တွဲ အလုပ်လုပ်လို့ ရတဲ့ လူမျိုးတွေကို ကျွန်မတို့ ရွေးပြီးထည့်ထားပေးပါတယ်။


TREND    ။    ။ ဖြည့်စွက်ဖြေကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
DTTA    ။    ။
ကျွန်မတို့အနေနဲ့ ကိုယ်နိုင်တဲ့ဘက်က ကောင်းလာအောင်လို့ ကိုဗစ်တွေ၊ ငလျင်တွေ၊ ရေဘေးတွေပြီးတဲ့အချိန်မှာ အကောင်းဆုံးဖြစ်လာအောင် ရည်ရွယ်ပြီး Networking ပွဲလေးကို ကျွန်မတို့ ရည်ရွယ်ပြီးတော့ ပြုလုပ်တာဖြစ်ပါတယ်။ ဒီ Event လေးကို အကောင်အထည်ဖော်လိုက်တဲ့ စေတနာအမှန်ကတော့ မြန်မာနိုင်ငံမှာ သူများတွေ ဘာမှမလုပ်နိုင်သေးတဲ့ ဒီ Business Networking ကောင်းကောင်းတစ်ခု အကောင် အထည်ဖော်ပေးပြီး International ရဲ့ Supporting ကောင်းကောင်းရပြီးတော့ ရေရှည်ကျွန်မတို့ Business တွေ နိုင်ငံမှာရှိနေတဲ့ အသေးစားပဲဖြစ်ဖြစ်၊ အလတ်စားပဲဖြစ်ဖြစ်၊ အကြီးစားပဲဖြစ်ဖြစ်လုပ်ငန်းတွေ အကုန်လုံး အကောင်းဆုံးပြန်ပြီး Booming ဖြစ်လာအောင်၊ ကျွန်မတို့ လက်တွဲညီညီနဲ့တစ်ယောက် လိုအပ်တာ တစ်ယောက်ကူညီပေး ပြီးတော့ အကောင်းဆုံး ပြန်လည်ထူထောင်နိုင်အောင် ကျင်းပရခြင်းဖြစ်ပါတယ်။   သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 29

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65210

© 2022 - 2026 News. All Rights Reserved.