Breaking

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသမည်

ရန်ကုန်၊ ဇွန် ၄
    တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ်(ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။ 
    ကုန်စည်ပြပွဲကို ၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကုန်စည်ပြပွဲတွင် စာရင်းပေးသွင်းထားသည့် ကုမ္ပဏီများအား ကုန်စည်ပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။  
    ပြပွဲတွင်ပြသမည့် လုပ်ငန်းရှင်များအနေဖြင့် ကျောက်မျက်ရတနာများ၊ ကျောက်မျက်ရတနာနှင့် ဆက်စပ်ပစ္စည်းများ၊ လက်မှု အနုပညာပစ္စည်းများ၊ လက်ဖက်ခြောက်၊ ဆန်နှင့် စားသောက်ကုန်များ ပါဝင်ပြသသွားရန်၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ မထိခိုက်စေရန် ပြသမည့် လုပ်ငန်းရှင်များအနေဖြင့် ကျောက်မျက်အတုအပများ၊ ဖန်စီပစ္စည်းများ မပြသရန်နှင့် အတုအပများ ပြသသည့် ကုမ္ပဏီများတွေ့ရှိပါက Black List စာရင်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ 
    ထို့ပြင် တရုတ်သံရုံးနှင့် ပြည်ဝင်ခွင့် ဗီဇာရရှိရေး၊ အထွေထွေခွင့်ပြုမိန့်(OGL) ရရှိရေး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ အချိန်မီ ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် လိုအပ်သည့် အချက်အလက်များ ဆောလျင်စွာပေးပို့သွားရန်၊ ပြပွဲသို့သွား ရောက်မည့် လူဦးရေစာရင်း အတိအကျပေးရန်၊ Exhibitor Card, Visitor Card များ ပြုလုပ်ရန်အတွက် Passport No  နှင့် Phone No ကို မေ ၃၀ ရက် နောက်ဆုံးထားပေး ပို့ရမည်ဖြစ်ကြောင်း သိရသည်။ သက်မှူး

Total Views ~ 298

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.