Breaking

ကန်ဒေါ်လာ သန်း ၆၈၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ အထူးစစ်ဆင်ရေးများဖြင့် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၂
    ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် မေလအထိ အထူးစစ်ဆင်ရေးများဖြင့် ဒေါ်လာ သန်း ၆၈၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများအပြင် ဘိန်းချက်စခန်း ၂၀ နှင့် ဆေးပြားရိုက်စက် ၄၁ လုံးကို ဖော်ထုတ်ဖမ်းဆီးနိုင်ကြောင်း သိရသည်။
    သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားသို့ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးမင်းသိမ်းတက်ရောက်ခဲ့ပြီးဆွေးနွေး ပြောကြားချက်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
    မြန်မာအမြဲတမ်းကိုယ်စားလှယ်က (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအ မှတ်အဖြစ် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော်တန်ဖိုးရှိ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့မှု၊ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ခုနှစ် မေလအထိ အထူးစစ်ဆင်ရေးများဖြင့် ဒေါ်လာ သန်း ၆၈၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့် ဓာတုပစ္စည်းများအပြင် ဘိန်းချက်စခန်း ၂၀ နှင့် ဆေးပြားရိုက်စက် ၄၁ လုံးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
    ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် မှောင်ခိုရောင်းဝယ်ခြင်းများကို တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များက  ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများတွင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် တရားမဝင်လုပ်ငန်းများမှ ရရှိလာသော အကျိုးအမြတ်များကို ၎င်းတို့၏ စစ်ဆင်ရေး ရန်ပုံငွေအဖြစ် သုံးစွဲခြင်းနှင့် လက်နက်များ ဝယ်ယူခြင်းတို့တွင် အသုံးပြုကြောင်း၊ ယင်းပြဿနာကို အမြစ်ပြတ် ဖြေရှင်းနိုင်ရန်အတွက် မြန်မာအစိုးရအနေဖြင့် ဥပဒေစိုးမိုးရေးအပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ကြိုး ပမ်းဆောင် ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ၂၀၂၆ခုနှစ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားများကို တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ရာ ဘိန်း ၁၀၆၆ ကီလိုခန့်၊ ဘိန်းဖြူ ၂၂၄၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၃၉၁ သန်းကျော်၊ အိုက်စ် ၃၉၇၀၈ ကီလိုခန့်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၅၈ ကီလိုကျော်၊ ဘိန်းစာမှုန့် ၂၆၄ ကီလိုခန့်၊ ဆေးခြောက် ၁၁၄၈ ကီလိုခန့်နှင့် ကက်တမင်း ၈၆၁၁ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း အမျိုး ၁၁၀ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ဘီလီယံ ၂၂၁၀ ခန့်(အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော်)တို့အား ဖျက်ဆီးနိုင်ခဲ့သည်။  ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၂၆ ခုနှစ် မေ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ငွေကျပ် ဘီလီယံ ၂၂၁၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်းများ ဖော်ထုတ် ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။   ထူးမြတ်

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63873

© 2022 - 2026 News. All Rights Reserved.