Breaking

ကမ္ဘာ့ရွှေဈေးတက်ခြင်းကို အကြောင်းပြု၍ ပြည်တွင်းဈေးကွက်း လုယက်ဝယ်ယူခြင်းမျိုး မပြုလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း မေတ္တာရပ်ခံ

၂၀၂၃ မတ် ၂၁

အမေရိကန်ရှိ ဘဏ်တခု ဒေဝါလီခံလိုက်ချိန်ကစပြီး ကမ္ဘာရွှေဈေးသည် တဟုန်ထိုး တက်နေကြောင်း၊ ကမ္ဘာ့ရွှေဈေးမြင့်တက်နေသော်လည်း မြန်မာနိုင်ငံ၏ ငွေဈေးသည် ပြောင်းလဲခြင်းမရှိသည့်အတွက် ဈေးကွက်အတွင်းလုယက်ဝယ်ယူခြင်းမျိုးမပြုလုပ်ရန် အသိပေးထားခြင်းဖြစ်သည်။

ရွှေဈေး တအားမြင့်တက်ခဲ့ပါက ရွှေဈေးအတက်အကျ မကြမ်းအောင် အသင်းအနေဖြင့် ထိန်းကြောင်းပေးရန်၊ အသင်း၌ လေကစားခြင်း လုံးဝခွင့်မပြုကြောင်း၊ ယခင်ကလည်း ခွင့်မပြုခဲ့သလို ရှိလည်းမရှိခဲ့ကြောင်း၊ ရွှေအရောင်းအဝယ်ကို ရွှေထိငွေထိသာ လုပ်ကြရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြင်ပတွင် ဈေးကစားမှုများ ရှိခဲ့ပါက အသင်းအနေနှင့် ခွင့်မပြုသလို တာဝန်ယူမည်မဟုတ်ဘဲ ဈေးကစားသူများ၏ တာဝန်သာဖြစ်ကြောင်း၊ အသင်းအနေဖြင့် ချမှတ်ထားသော စည်းကမ်းများနှင့်အညီအသင်းသားအားလုံးသည်လည်း အသင်း၏ စည်းမျဉ်းအတိုင်း အားလုံးရောင်းဝယ်နေတာ ဖြစ်သည့်အတွက် အချိန်အခါအလိုက် ထုတ်ပြန်သည့် သတိပေးချက်များကိုလဲ လိုက်နာကြရန် တောင်းဆိုထားသည်။

ယခုပြင်ပရွှေဈေးကွက်တွင်အရောင်းအဝယ်ပြုလုပ်နေကြသောဈေးနှုန်းမှာ လေပတ်ကားသမားများ၊ ဈေးကစားသူများ၏ ပါးစပ်တွင်သာဈေးမြင့်တက်နေခြင်းဖြစ်ပြီး ၎င်း ပုဂ္ဂိုလ်များအား သက်ဆိုင်ရာဌာနအဖွဲအစည်းများဘက်မှ တားဆီးထိန်းသိမ်းရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၂၀၀၂ ကျပ်ဖြစ်ပြီး အသင်း၏ရည်ညွှန်းဈေးနှုန်းမှာ မီးလင်းရွှေတစ်ကျပ်သားလျှင် ၂၃၅၈၆၀၀ ရှိကာ ပြင်ပဈေးကွက်တွင် သိန်း ၃၀ နီးပါးအထိ မြင့်တက်နေကြောင်း သိရသည်။

 

 

Total Views ~ 397

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.