ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာမှ ငွေ (၁) ကြေး (၃) ရရှိထား

၂၀၂၃ မေ ၅

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာမှ ငွေ (၁) ဆုနှင့် ကြေး (၃) ဆု ရရှိထားကြောင်း သိရသည်။

Kun Bokator အားကစားနည်းမှ Bokatar Spirit Form အမျိုးသား/အမျိုးသမီး (တစ်ဦးချင်း)ပြိုင်ပွဲတွင် နီလာစိုးဦးက ငွေတံဆိပ်ဆု၊ လှိုင်ချစ်ဦးက ကြေးတံဆိပ်ဆု၊ Bamboo Shield Form အမျိုးသမီး (တစ်ဦးချင်း)ပြိုင်ပွဲတွင် မြတ်နိုးဝေက ကြေးတံဆိပ်ဆုနှင့် Bare Hand Form အမျိုးသား(တစ်ဦးချင်း)ပြိုင်ပွဲတွင် ခန့်လွန်းဇော်က ကြေးတံဆိပ်ဆုများ အသီးသီးရရှိခဲ့သည်။

အဆိုပါကစားနည်းသည် ရှေးခေတ် ခမာစစ်တပ်အုပ်စုများအသုံးပြုသည့် ရှေးခေတ်စစ်မြေပြင် ကိုယ်ခံပညာတစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားမှ ဆင်းသက်လာသော ရှေးအကျဆုံး ရှိပြီးသား တိုက်ခိုက်ရေးစနစ်များထဲမှ တစ်ခုဖြစ်သည်ဟု သိရသည်။

လက်ရှိ နိုင်ငံအလိုက်ရပ်တည်မှုတွင် အိမ်ရှင်ကမ္ဘောဒီးယားက ရွှေတံဆိပ်(၅)ခုဖြင့် ဆုတံဆိပ်ဇယားကို ဦးဆောင်နေပြီး ဖိလစ်ပိုင်က ဒုတိယနှင့် ထိုင်းက တတိယနေရာတွင် အသီးသီးရပ်တည်နေကြသည်။

​​​​​​​

မြန်မာအားကစားအဖွဲ့သည် Kun Bokator အားကစားနည်းမှ ရရှိသော ငွေ(၁)ခု၊ ကြေး(၃)ခုဖြင့် အဆင့်(၆)တွင် ရပ်တည်လျက်ရှိသည်။

Total Views ~ 355

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63919

© 2022 - 2026 News. All Rights Reserved.