ငလျင်ဒဏ်သင့် စစ်ကိုင်းထူပါရုံစေတီ ပြုပြင်ပြီးစီး ဇန်နဝါရီလ ၂၅ ရက်နေ့ အနေကဇာတင် အခမ်းအနားကျင်းပမည်

ရန်ကုန် ဇန်နဝါရီ ၉

     မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စစ်ကိုင်းမြို့၏ ကျက်သရေဆောင် သမိုင်းဝင် ထူပါရုံစေတီတော်ကြီး ပြုပြင်မွမ်းမံမှုလုပ် ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်းသိရသည်။
    ထို့ကြောင့်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် ဩဝါဒစရိယ ဆရာတော်ကြီးများ ဦးဆောင်ပြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
    သောဠသမ ရွှေကျင်သာသပိုင် သီတဂူအဓိပတိ ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုနှင့်အတူ စစ်ကိုင်းမြို့ရှိ အခြားသော သမိုင်းဝင်စေတီတော်များဖြစ်သည့် ဆွမ်းဦးပုညရှင်စေတီတော်၊ ကောင်းမှုတော်စေတီတော်၊ မဟိယင်္ဂဏစေတီတော် ၊ စေတီလှစေတီတော် ၊ ရတနာထွဋ်ခေါင်စေတီတော်နှင့်ရှင်ပင်နံကိုင်းစေတီတော်မြတ်ကြီးများကိုလည်း သဘာဝဘေးဒဏ်ကြောင့် ထိခိုက်မှုများအတွက် ပြုပြင်မွမ်းမံမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 12

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59680

© 2022 - 2026 News. All Rights Reserved.