Breaking

ငါးလုပ်ငန်းသိပ္ပံကျောင်း (တွံတေး)တွင် ယခုနှစ်၌ ကျောင်းသားဦးရေ ၁၀၀ ခေါ်ယူမည်

၂၀၂၃ ဇူလိုင် ၂၂

မြန်မာ့ပထမဦးဆုံး ငါးလုပ်ငန်းနှင့်သက်ဆိုင်သည့် သိပ္ပံကျောင်းဖြစ်သော ငါးလုပ်ငန်းသိပ္ပံ (တွံတေး) တွင် ယခုနှစ်၌ ကျောင်းသားဦးရေ ၁၀၀ ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကျောင်းကို ယခင်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားဦးရေ နည်းပါးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းမှ သင်တန်းသားများကို ခေါ်ယူနေပြီဖြစ်ကာ သုံးနှစ်သင်တန်း တက်ရောက်ရမည်ဖြစ်ပြီး ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း အောင်မြင်ပြီးပါက ဒီပလိုမာလက်မှတ်ရမည်ဖြစ်သည့်အပြင် အရည်အချင်းပြည့်မီသူများသည် ရန်ကုန်တက္ကသိုလ်တွင် B.Sc (Fisheries and Aquaculture) သင်တန်းသို့ တက်ရောက်ရန် ဝင်ခွင့်ဖြေဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျောင်းတက်ရောက်လိုသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆိုပါ ကျောင်းသို့ စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထားကာ ကျောင်းသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး သိပ္ပံဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ရမည်ဖြစ်ကာ လျှောက်လွှာပိတ်သည့်အချိန်တွင် အသက် ၂၂ နှစ်ထက် မကြီးသူ ဖြစ်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် တက်ရောက်ခွင့်ရသူ အမည်စာရင်းနှင့် ကျောင်းဖွင့်မည်ရက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းဦးစီးဌာနများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) က အကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ငါးမွေးမြူရေးဆိုင်ရာ အတတ်သင် ပေးမည့် အဆိုသက်မွေးဝမ်းကြောင်း ဒီပလိုမာသင်တန်းကို အဆောင်လစာ အခမဲ့၊ထောက်ပံကြေးလစဉ် ကျပ်သုံသောင်း၊ ကျောင်းပြီးပါက ငါးလုပ်ငန်းဦးစီးဌာနတွင် ဒု လ/ထ ဦးစီးမှူးအဖြစ်လုပ်လိုပါကလုပ်နိုင်ခြင်း၊

ငါးလုပ်ငန်းနှင့် ဆက်စပ်သည့် Company တွင် လုပ်လိုပါကလည်း ချိတ်ဆက်ပေးခြင်းတို့လုပ်ပေးမည်ဟုသိရသည်။

Total Views ~ 517

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.