Breaking

ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာသင်တန်း စာတွေ့၊ လက်တွေ့ သင်ကြားမှုပုံစံဖြင့် ဖွင့်လှစ်မည်

ရန်ကုန်၊ ဇူလိုင် ၂
    သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်တို့အကြား (University Industry Colla-boration)ပုံစံဖြင့် ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာသင်တန်း (Certificate Course / Higher Certificate Course in Rice Processing Technology)ကို စာတွေ့ လက်တွေ့ သင်ကြားမှုပုံစံဖြင့် မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
    သင်ကြားမှုအနေဖြင့် သင်တန်းများကို စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(Insein GTI)တို့နှင့် ပူးပေါင်းဖွင့်လှစ်ရန် ညှိနှိုင်းစီစဉ်လျက်ရှိကြောင်း၊ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြား/သင်ယူမှုများ ထိရောက်စေရန် ကြိုတင်ပြင်ဆင်လျက် ရှိပြီး သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့အနေဖြင့် ဇွန် ၂၄ ရက်တွင် SITE ကျောင်း သို့လည်းကောင်း၊ ဇွန် ၂၈ ရက်တွင် ရွှေဝါရောင်ဆန်စက်၊ စိမ်းလဲ့မြေဆန်စက်နှင့် Good Brothers ဆန်စက်တို့ကို သင်ရိုးညွှန်းတမ်း အထောက်အကူပြု လေ့လာ ရေးခရီးများ သွားရောက်ခဲ့သည်။
    အဆိုပါ သင်တန်းကို ၂၀၂၅ ခု သြဂုတ်လတွင် စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး သင်တန်းကာလ သုံး၊ လေးလခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းတက်နေစဉ် ကာလအတွင်း နေထိုင်စားသောက် စရိတ်နှင့် သင်တန်းကြေး အခမဲ့ဖြစ်ကာ သင်တန်းပြီးပါက ဆန်စက်များနှင့် ဆန်စပါးကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိမည့် Employ-ment Guaranteed Training ဖြစ်ကြောင်း၊ ထို့အပြင် THS, AGTI သင်တန်းတက် ရောက်ခဲ့သူများ၊ လက်မှတ်ရပြီးသူများ အပါအဝင် ဆန်စက်လုပ်ငန်းနှင့် သက်ဆိုင်သော လျှပ်စစ်၊ စက်မှုနည်းပညာပိုင်းဆိုင်ရာ အခြေခံအတွေ့အကြုံရှိသူများ၊ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ခဲ့သည့် အတွေ့ အကြုံရှိသူများအနက်မှ ရွေးချယ်စိစစ်မှု (Entry Interview) ဖြင့် ပါဝင်တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ သက်မှူး

Total Views ~ 243

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.