Breaking

ဆယ်ကျော်သက်လူငယ်များအတွက် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုအန္တရာယ်အကြောင်း စကားဝိုင်းပြုလုပ်မည်

ရန်ကန်၊ ဇူလိုင် ၂၃
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ဆယ်ကျော်သက်လူငယ်များအတွက် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုအန္တရာယ်အကြောင်းနှင့်ပတ်သက်ပြီး ဇူလိုင် ၂၄ ရက်တွင် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း WHO မှ အသိပေးထုတ် ပြန်ကြေညာထားသည်။
    ဆယ်ကျော်သက်လူငယ်များ၊ ၎င်းတို့၏ မိဘ၊ အုပ်ထိန်းသူများ၊ ဆရာ ဆရာမများ၊ ဆယ်ကျော် သက်ကျန်းမာရေးစီမံကိန်းမန်နေဂျာများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်း ပညာပေးသူများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ အားလုံးအတွက် ကျင်းပ ပေးခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ပါရှိသည်။
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ 'ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန်များ၊ နီကိုတင်းထုတ်ကုန် အသစ်များနှင့် ကွမ်းသီးသုံးစွဲမှုဆိုင်ရာ အယူအဆမှားများနှင့် သိကောင်းစရာများအကြောင်း စကားဝိုင်း'ကို မြန်မာဘာသာဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ လာမည့် ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီမှ ၃ နာရီခွဲအထိ မြန်မာဘာသာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး WHO ၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် စာရင်းပေးသွင်း ရန် အသေးစိတ်အချက် အလက်များကို တင်ပေးထားကြောင်း သိရသည်။  သက်မှူး

Total Views ~ 2

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63859

© 2022 - 2026 News. All Rights Reserved.