ဇွန် ၁၉ ရက်တွင် ဖြေဆိုပြီးစီးခဲ့သည့် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ EPS-TOPIK (ဆောက်လုပ်ရေးလုပ်ငန်း) အောင်မြင်သူများအတွက် အလုပ်လျှောက်လွှာများခေါ်ယူ

2023 ဇူလိုင် ၉

ဇွန် ၁၉ ရက်တွင် ဖြေဆိုပြီးစီးခဲ့သည့် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ EPS-TOPIK (ဆောက်လုပ်ရေးလုပ်ငန်း) အောင်မြင်သူများအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူသွားမယ်လို့  အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA-EPS)မှ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ EPS-TOPIK (ဆောက်လုပ်ရေးလုပ်ငန်း) အောင်မြင်သူများအတွက် အလုပ်လျှောက်လွှာများအား ဒဂုံမြို့သစ်(မြောက်ပိုင်း) ပင်လုံခန်းမ၊ ၄၃ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှာ  ဇူလိုင် ၁၁ ရက်နေ့တွင် ခုံအမှတ် ၅၀၇၀၀၀၀၃ မှ ခုံအမှတ် ၅၀၇၁၉၁၀၈ အထိနှင့်  ဇူလိုင် ၁၂ ရက်တွင် ခုံအမှတ် ၅၀၇၁၉၁၂၀ မှ ခုံအမှတ် ၅၀၇၃၄၃၂၅ အထိကို ယင်းနေ့  နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ   ထုတ်ပေးသွားမယ်လို့ဆိုပါတယ်။

ယင်းအပြင် ကျန်းမာရေးဆေးစစ်အောင်မြင်ပြီးသူများ၏ အလုပ်လျှောက်လွှာများ ပြန်လည်တင်သွင်းခြင်းကို ဇူလိုင် ၁၄ ရက်တွင် ခုံအမှတ် ၅၀၇၀၀၀၀၃ မှ ခုံအမှတ် ၅၀၇၁၉၁၀၈ အထိနှင့်  ဇူလိုင် ၁၅ ရက်တွင် ခုံအမှတ် ၅၀၇၁၉၁၂၀ မှ ခုံအမှတ် ၅၀၇၃၄၃၂၅ အထိ လက်ခံဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

အလုပ်လျှောက်လွှာတွင် အချက်အလက်များ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ တင်ပြသည့် အထောက်အထားများ မှန်ကန်စွာဖြည့်စွက်ဖော်ပြရန် လိုအပ်ပြီး မမှန်မကန် ဖော်ပြဖြည့်စွက်ခဲ့ပါက ကာယကံရှင်၏ တာဝန်သာဖြစ် တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သား ၉၀၀ ကျော်ရှိကြောင်း    ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ထုတ်ပြန်ထားပါတယ်။

Total Views ~ 348

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62641

© 2022 - 2026 News. All Rights Reserved.