တက္ကသိုလ်ဝင် အမှတ်စာရင်းများ လိုအပ်သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှ စတင် ထုတ်ပေးမည်

နေပြည်တော်၊ ဇူလိုင် ၂
    ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးရန် လိုအပ်သည့် လုပ်ငန်းစဉ်များ ပြည့်စုံစွာ ဆောင်ရွက်ပြီးစီးမှသာ စတင်ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
    အမှတ်စာရင်းများကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုဖြင့် ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အမှတ်စာရင်း ထုတ်ပေးရန် အသင့်ဖြစ်ပါက စတင်ထုတ်ပေးမည့် နေ့ရက်နှင့် ထုတ်ပေးမည့် အစီအစဉ်ကို www.dme.gov.mm နှင့် www.myanmarexam.org အစရှိသည့် Website များမှ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    ဇွန် ၂၈ ရက်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသူ ၂၅၅၂၂၈ ဦးရှိပြီး စာမေးပွဲအောင်မြင်သူ ၁၃၃၆၇၃ ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
    တိုင်းနှင့်ပြည်နယ်အလိုက် ဖြေဆိုမှုနှင့် အောင်မြင်မှုများအနေဖြင့် ကချင်ပြည်နယ်တွင် ဖြေဆိုသူ ၁၁၆၃၄ ဦးအနက် အောင်မြင်သူဦးရေ ၆၃၃၀၊ ကယားပြည်နယ်တွင် ဖြေဆိုသူ ၄၇၁ ဦးအနက် အောင် မြင်သူ ၂၃၄ ဦး၊ ကရင်ပြည်နယ်တွင် ဖြေဆိုသူဦးရေ ၃၆၆၀ အနက် အောင်မြင်သူ ၁၆၈၇ ဦး၊ ချင်းပြည် နယ်တွင်ဖြေဆိုသူ ၈၄၃ ဦးအနက် အောင်မြင်သူ ၁၆၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၁၂၅၂၆ အနက် အောင်မြင်သူ ၅၉၀၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၅၉၉၁ အနက် အောင်မြင်သူ ၂၇၆၄ ဦး၊ နေပြည်တော်တွင် ဖြေဆိုသူ ၁၄၁၃၁ ဦးအနက် အောင်မြင်သူ ၇၀၂၁ ဦး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)တွင် ဖြေဆိုသူ ၁၄၆၂၇ ဦးအနက် အောင်မြင်သူ ၇၂၄၃ ဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)တွင် ဖြေ ဆိုသူ ၁၁၈၆၆ ဦးအနက် အောင်မြင်သူ ၇၀၇၂ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ဖြေဆို သူ ၂၁၂၁၉ ဦးအနက် အောင်မြင်သူ ၁၂၃၉၀၊ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆို သူ ၄၅၆၃၅ ဦးအနက် အောင်မြင်သူ ၂၈၃ ၉၃ ဦး၊ မွန်ပြည်နယ်တွင် ဖြေဆိုသူ ၁၀၅၄၂ ဦးအနက် အောင်မြင်သူ ၅၉၂၄ ဦး၊ ရခိုင်ပြည်နယ်တွင် ဖြေဆိုသူ ၁၆၉၂ ဦးအနက် အောင်မြင်သူ ၈၂၀ ၊ ရန်ကုန်တိုင်းဒေသကြီး တွင် ဖြေဆိုသူ ၄၆၈၈၉ ဦးအနက် အောင် မြင်သူ ၂၃၂၀၃ ဦး၊ ရှမ်းပြည်နယ်(တောင်)တွင် ဖြေဆိုသူ ၁၃၃၈၃ ဦးအနက် အောင် မြင်သူ ၆၅၃၇ ဦး၊ ရှမ်းပြည်နယ်(မြောက်)တွင်ဖြေဆိုသူ ၁၆၈၇ ဦးအနက် အောင်မြင် သူ ၇၃၅ ဦး၊ ရှမ်းပြည်နယ်(အရှေ့)တွင် ဖြေဆို သူ ၁၉၇၂ ဦးအနက် အောင်မြင်သူ ၇၂၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၃၆၄၃၆ ဦးအနက် အောင်မြင်သူ ၁၆၅၀၇ ဦး၊ နိုင်ငံခြားတွင် ဖြေဆိုသူ ၂၄ ဦးအနက် အောင်မြင်သူ ၂၁ ဦး စသည်တို့ ဖြစ်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63356

© 2022 - 2026 News. All Rights Reserved.