တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၅၀ ကို ဧရာဝတီဖောင်ဒေးရှင်းမှ ပညာသင်ဆု ပေးအပ်မည်

နေပြည်တော်၊ ဇူလိုင် ၉
    ၂၀၂၅–၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူ ၅၀ ကို ရွေးချယ်ပြီး တက္ကသိုလ် တက်ရောက်မည့်ကာလတစ်လျှောက်လုံးအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ပညာသင်ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 
    ဧရာဝတီဖောင်ဒေးရှင်းမှ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီသူများကို ပညာသင်ဆုကြေးအဖြစ် လစဉ် ကျပ်သုံးသိန်းနှင့်အတူ သင်ထောက်ကူ ပစ္စည်းများအတွက် ထောက်ပံ့ကြေးနှစ်စဉ် ကျပ်ငါးသိန်းကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
    ပညာသင်ဆုလျှောက်ထားရန်အရည်အချင်းသတ်မှတ်ချက်များမှာ ၂၀၂၅-၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူ၊ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် ပညာရေး အဖွဲ့အစည်း တစ်ခုခုတွင် ဝင်ခွင့်ရရှိထားသူ၊ ပညာရေးတွင် ထူးချွန်ပြီး သင်ယူလိုစိတ်၊ ကြိုးစားအားထုတ်မှုနှင့် ခေါင်းဆောင်မှုအလားအလာရှိ သူ၊ ပညာရေးကို ဆက်လက်သင်ယူလိုပြီး အမှန်တကယ် ပညာသင်ထောက်ပံ့ကြေးလိုအပ်သည့် ‌ကျောင်းသားကျောင်းသူများ ဖြစ်ရမည်ဟု ဖော်ပြထားသည်။
    လျှောက်ထားနိုင်မယ့် တက္ကသိုလ်များမှာ ဆေးတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ စီးပွား ရေးတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စိုက်ပျိုးရေး တက္ကသိုလ်များဖြစ်ပြီး လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများမှာ ပညာသင် ဆုလျှောက်လွှာ၊ ကိုယ် တိုင် ရေးသားထားသည့် ပညာသင်ဆု လျှောက်ထားရခြင်း အကြောင်းအရင်း ဖော်ပြစာ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် (သို့) အမှတ်စာရင်း၊ အမျိုးသားမှတ်ပုံတင်ကတ် မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ တက္ကသိုလ်ဝင်ခွင့် အထောက်အထားနှင့် ပညာသင်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း သက်ဆိုင်ရာ ကျောင်းနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များလိုအပ်ကြောင်း သိရ သည်။
    လျှောက်ထားရမယ့် နည်းလမ်းမှာ သတ်မှတ်ထားသည့် ပညာသင်ဆုလျှောက်လွှာ ပုံစံကို ဧရာဝ တီဖောင်ဒေးရှင်း ပညာသင်ဆု ဝက်ဘ်ဆိုက်မှတစ်ဆင့် ရယူ၍ အချက်အလက်တွေကို ပြည့်စုံစွာ ဖြည့်စွက်ကာ လျှောက်လွှာနှင့်အတူ လိုအပ်သည့် စာရွက်စာတမ်းများကို အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၆ မတိုင်ခင် ဧရာဝတီဖောင်ဒေးရှင်း ရုံး ခန်းလိပ်စာကို ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63563

© 2022 - 2026 News. All Rights Reserved.