Breaking

တရားမဝင်မှတ်ပုံတင်မဲ့ ဆိုင်ကယ်များ အထောက်အထားတင်ပြနိုင်ခြင်း မရှိ၍ မှတ်ပုံတင် ဆောင်ရွက်ပေး၍မရကြောင်း ပို့ဆောင်ရေးဒုဝန်ကြီး ပြော

နေပြည်တော်၊ ဇွန် ၂၅


    ပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အထောက်အထားများ ဖော်ပြပါရှိသည့် မော်တော်ဆိုင်ကယ်များကိုသာ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရားမဝင်မှတ်ပုံတင်မဲ့ ဆိုင်ကယ်များက အထောက် အထားများ တင်ပြနိုင်ခြင်း မရှိသဖြင့် မှတ်ပုံတင် ဆောင်ရွက်ပေး၍ မရနိုင်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောသည်။
    "ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနအနေနဲ့ တရားဝင်ခွင့်ပြုချက်ဖြင့် တင်သွင်းရောက်ရှိလာတဲ့ မော်တော်ဆိုင်ကယ်များနဲ့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ မော်တော်ဆိုင်ကယ်များ ကနဦး မှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးရာမှာ ပြည်ပမှ တင်သွင်းရောက်ရှိလာတဲ့ မော်တော်ဆိုင်ကယ်များ ကနဦး မှတ်ပုံတင် လျှောက်ထားရာမှာ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ၊ အကောက်ခွန် ဖော်ပြချက် လိုအပ်မည်ဖြစ်ပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်များ ကနဦးမှတ်ပုံတင် လျှောက်ထားရာမှာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ DICA က ထုတ်ပေးတဲ့ သက်တမ်းရှိတဲ့ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်၊ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်ခွင့်ပြုစာ၊ အရည်အသွေးအသိအ မှတ်ပြု လက်မှတ်၊ မော်တော်ယာဉ်အမျိုးအစားအလိုက် ထုတ်လုပ်ခွင့်ပြုချက် စာရွက်စာတမ်း အထောက်အထားများ တင်ပြမှသာ မှတ်ပုံတင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့် ပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေနဲ့ အထက်ဖော်ပြပါ အထောက်အထားများ ဖော်ပြပါရှိတဲ့ မော်တော်ဆိုင်ကယ်များကိုသာ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာ နိုင်ငံသို့ ရောက်ရှိနေသော တရားမဝင်မှတ်ပုံတင်မဲ့ ဆိုင်ကယ်များသည် ဖော်ပြပါ အထောက်အထားများ တင်ပြနိုင်ခြင်း မရှိပါသဖြင့် မှတ်ပုံတင် ဆောင်ရွက်ပေးလို့ မရနိုင်ပါဘူး"ဟု ၎င်းက ပြောသည်။
    နိုင်ငံတော်အတွင်း တရားမဝင် ရောက်ရှိနေသည့် မော်တော်ဆိုင်ကယ်များအား ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်အရ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ၁၉၉၉ ခုနှစ်မှစ၍ One Stop Service စီမံချက်ဖြင့် တစ်နိုင်ငံလုံး မောင်းနှင်အသုံး ပြုနိုင်သည့် ယာဉ်အမှတ်ဖြင့် တရားဝင် မှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးခဲ့သည်မှာ ၁၉၉၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ၁၀ ကြိမ် ရှိခဲ့ပြီဖြစ်ပြီး ဆိုင်ကယ်အစီးရေပေါင်း ၃၃၁၁၅ ၉၅ စီး ရှိကြောင်း သိရသည်။
    ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင်ပြုချက်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အတွင်း၌သာ အသုံးပြုခွင့်ရှိသည့် ဒေသအမှတ်သတ်မှတ်တဲ့ မော်တော်ဆိုင်ကယ်များကလည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှ တိုက်ရိုက်တာဝန်ယူ ကြီးကြပ်ပြီး မော်တော်ဆိုင်ကယ်များအပေါ် ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ရာခိုင်နှုန်း ၅၀ ထက် မလျော့သော ဒဏ်ငွေသတ်မှတ်ကောက်ခံ၍ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အကောက် ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်တို့နှင့် ပူးပေါင်းပြီး One Stop Service စီမံချက်ဖြင့် မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
    တိုင်းဒေသကြီး ဦးစီးမှူးရုံး ပဲခူးနှင့် ခရိုင်ရုံးများတွင် သတ်မှတ်ဒဏ်ကြေး ငွေကောက်ခံ၍ BGO 1001 မှ စတင်ကာ ဆိုင်ကယ် ၁၄၃၅၁ စီးအား မှတ်ပုံတင်ခဲ့ပေး ပြီး ဖြစ်ကြောင်း သိရသည်။
    ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တိုင်းဒေသကြီး ပြည်နယ်အစီအစဉ်ဖြင့် ဆိုင် ကယ်ပေါင်း ၂၁၉၃၆၁ စီးဖြစ်ကြောင်း သိရသည်။
    ထိုကဲ့သို့ တရားဝင်မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့သော်လည်း တရားမဝင် ဝင်ရောက်မှုများ ရပ်ဆိုင်းခြင်း မရှိသည့်အတွက် မှတ်ပုံတင်ပေးခြင်းကို ၂၀၂၃ ခုနှစ် တွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63873

© 2022 - 2026 News. All Rights Reserved.