Breaking

တရုတ်နိုင်ငံက မိုခါ မုန်တိုင်းသင့်ဒေသများအတွက် အမေရိကန် ဒေါ်လာ ၁သန်း တန်ဖိုးရှိ ပစ္စည်းများ ထပ်မံ လှူဒါန်း

၂၀၂၃ ဇူလိုင် ၂၂

မိုခါ မုန်တိုင်းသင့်ဒေသများအတွက် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၁သန်း တန်ဖိုးရှိ ပစ္စည်းများ ထပ်မံ လှူဒါန်းတယ်လို့ ရန်ကုန်ရှိ တရုတ်သံရုံးက ပြောပါတယ်။

အဆိုပါ ပစ္စည်းများ ဇူလိုင် ၂၁ ရက်နေ့က  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတာဖြစ်တယ်လို့လည်းဆိုပါတယ်။

ရောက်ရှိလာတဲ့ ပစ္စည်းတွေကတော့ ခေါက်ဆွဲခြောက် ဖာ ၄၀၀၀ ၊ မီးစက် အလုံး ၄၀၀ ၊ ရေစုပ်စက် ၂၀၀ လုံး၊ မိုးကာတဲ ၁,၇၀၀ အိတ်၊ စောင် အထည် ၁၀,၀၀၀၊ ခြင်ထောင် အလုံး ၁၀,၀၀၀၊ ခရီးဆောင်ဆိုလာမီးအိမ် ၁,၀၀၀ လုံး၊ ကလိုရင်းဒိုင်အောက်ဆိုဒ် ပိုးသတ်ဆေးပြားပုလင်း ၂၀၀,၀၀၀ ၊ ရေဆူပိုး သတ်ဆေးပြားအတောင့် ၅၀၀ တို့ ကိုဖြစ် တယ်လို့လည်း ဆိုပါတယ်။

ယင်းပစ္စည်းများမှာ အမေရိကန်ဒေါ်လာ ၁,၁၇၂,၀၆၈ တန်ဖိုးရှိပြီး  ၎င်းတို့ကို  မိုခါမုန်တိုင်း ဒဏ်ပိုမိုခံစားခဲ့ရသော ရခိုင်ပြည်နယ်သို့ ရေကြောင်းမှ တစ်ဆင့် သယ်ယူ ပို့ဆောင်သွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့  ဇွန်လ ၁၂ ရက်ကလည်း တရုတ်နိုင်ငံက  ခြင်ထောင် အလုံးရေ ၁၀,၀၀၀၊ စောင်အထည် ၁၀,၀၀၀ တို့ကို ထောက်ပံ့လှူဒါန်းခဲ့ပါသေးတယ်။

Total Views ~ 375

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61517

© 2022 - 2026 News. All Rights Reserved.