Breaking

တောင်ပြုန်းပွဲတော်ကို သြဂုတ် ၂၁ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်

နေပြည်တော်၊ ဇူလိုင် ၂၃
    မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာ၌ သမိုင်းဝင် တောင်ပြုန်း ဆုတောင်းပြည့်၊ ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယဆွမ်းတော်ကြီး လောင်းလှူပွဲနှင့် တောင်ပြုန်းအရှင်နှစ်ပါးပွဲတော်ကို လာမည့် သြဂုတ်လ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ၏ထုတ်ပြန်ချက်အရ သိရသည်။
    ပွဲတော်ကို သြဂုတ် ၂၁ ရက်မှ ၂၈ ရက် (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက်)အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ ထုတ်ပြန်ကြေညာထားပြီး ပွဲတော်ကာလအတွင်း ဘုရားဖူးလာ မိဘပြည်သူများ၊ ရိုးရာဓလေ့ ကိုးကွယ်ယုံကြည်သူများနှင့် လာရောက်အရောင်းအဝယ်ပြု လုပ်ကြမည့် ဈေးသူဈေးသားများအနေဖြင့်  စိတ်အေးချမ်းသာစွာ လာရောက် နိုင်ကြောင်း အသိပေး ကြေညာထားသည်။
    ထို့အပြင် တောင်ပြုန်းပွဲတော် ကျင်းပမည့် တောင်ပြုန်းနယ်မြေဒေသ၏ အခြေအနေမှာ အေးချမ်းတည်ငြိမ်လျက်ရှိကြောင်းလည်း ထုတ်ပြန် ကြေညာချက်တွင်ပါရှိသည်။
    တောင်ပြုန်းပွဲတော်သည် မြန်မာနိုင်ငံအထက်ပိုင်းတွင် အစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုန်းကျေးရွာအတွင်းရှိ ဆုတောင်းပြည့်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်တစ်ခုဖြစ်သလို တောင် ပြုန်း မင်းနှစ်ပါးပွဲတော်(ရိုးရာနတ်ပွဲ)အဖြစ် လူသိပိုများကာ ပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၁၀ ရက် တွင် ညီလာခံသဘင် ကျင်းပခြင်း၊ လဆန်း ၁၁ ရက်တွင် မင်းနှစ်ပါးချိုးရေတော် သုံးပွဲ ကျင်းပခြင်း၊ လဆန်း ၁၄ ရက်တွင် ယုန်ထိုး ပွဲတော်ကျင်းပခြင်း၊ ဝါခေါင်လပြည့်နေ့တွင် ထိန်ပင်ခုတ်ပွဲတော် ကျင်းပခြင်းများကို ပြုလုပ်ပြီး နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက်ထိ ကျင်းပကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63859

© 2022 - 2026 News. All Rights Reserved.