Breaking

နစက ဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များတွေ့ဆုံ ဆွေးနွေးရန် RCSS ဥက္ကဋ္ဌနေပြည်တော်သို ရောက်ရှိ

၂၀၂၃ ၊ ဇန်နဝါရီ  ၂၄       

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရန်အတွက် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲမှာ နေပြည်တော်သို ယမန် နေ့(ဇန်နဝါရီ ၂၃) က ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

" ဟုတ်ပါတယ် ဒီနေ့ပဲ နေပြည် တော်ကိုရောက်နေပါပြီ" ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ် မှူးကြီး အုမ်ခေးက ယမန်နေ့ ညပိုင်းတွင် ပြန်လည်ဖြေကြားခဲ့သည်။

သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS)သည် NCA လက်မှတ်ရေးထိုးထား‌ သည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ(PPST)၏ အဖွဲ၀င်ဖြစ်ပြီး နစက ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးဖိတ် ခေါ်ချက်အရ နေပြည်တော်သို တတိယအကျော့အထိ သွား ရောက်၍ ငြိမ်းချမ်းရေး ‌တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲဖြစ်သည်။

Total Views ~ 410

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61572

© 2022 - 2026 News. All Rights Reserved.