Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဗီယင်နာမြို့ အခြေစိုက် ဩစတြီးယား နိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်အား လက်ခံတွေ့ဆုံ

၂၀၂၃ မတ် ၂၀ 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသန်းဆွေသည် ဗီယင်နာမြို့ အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်၊ (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ပြီး၊ မြန်မာ-ဩစတြီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအခွင့်အလမ်းများ၊ ဩစတြီးယား-မြန်မာ အသင်း ၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

Total Views ~ 478

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61517

© 2022 - 2026 News. All Rights Reserved.