Breaking

နေပြည်တော် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဩဂုတ်လ ၁ရက် ဝါဆိုလပြည့်နေ့မှာ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ပြုလုပ်မည်

၂၀၂၃ ဇူလိုင် ၁၁

နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်တွင် တည်ထားကိုးကွယ်ရန် တည်ဆောက်နေသော၊  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားကို ဒုတိယဝါဆိုလပြည့်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းရရှိပါတယ်။

ဒါ့အပြင် ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်ထားတဲ့မာရဝိဇယဗု ကျောက်စာရံစေတီတော်များ ရွှေထီးတော်တင်လှူခြင်းနဲ့ ရေစက်ချအောင်ပွဲတော် ကုသိုလ်မင်္ဂလာကိုလည်း ဒုတိယဝါဆိုလပြည့်နေ့ (ဩဂုတ် ၁ ရက်)တွင်ပင် ကျင်းပသွားမယ်လို့ဆိုပါတယ်။

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာက်တော်အမြင့်ဆုံးဖြစ်လာမည်ဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဟာ ဉာဏ်တော် ၆၃ပေ နဲ့ ပုလ္လင်တော်အမြင့် ၁၈ပေရှိပြီး ဘုရာကြီးကို၂၀၁၈ခုနှစ်ကစပြီးထုဆစ်ရန် စီမံဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်ထားတဲ့မာရဝိဇယဗု ကျောက်စာရံစေတီတော်များတည်ရာတွင် ကျောက်စာချပ်ရေပေါင်း ၇၂၉ချပ်စိုက်ထူပြီးသမိုင်းမော်ကွန်း ကျောက်စာထားရှိမယ့် ကျောက်စာရုံဟာ အလျား၂၁ပေ ၊ အနံ၂၁ပေ ၊ အမြင့် ၂၇ပေရှိပြီး ကျောက်စာချပ်အနေဖြင့်အလျား၄၅ လက်မ ၊ အမြင့် ၇၅လက်မ ၊ ထု ၇ဒသမ ၂လက်မ ရှိတယ်လို့လည်းသိရှိရပါတယ်။

 

Total Views ~ 464

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.