Breaking

နေပြည်တော်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး ဖူးမြော်ခွင့် လူတစ်ဦး ကျပ် တစ်ထောင်နဲ့ ကားတစ်စီး ယာဉ်ဝင်ခွင့် ကျပ် နှစ်သောင်း သတ်မှတ်

၂၀၂၃ ဩဂုတ် ၁၅

နေပြည်တော်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး ဩဂုတ် ၁၇ ရက်နေ့မှစတင်ကာ လူကြီးနဲ့ ကလေးတစ်ဦးကိုကျပ် ၁၀၀၀  ကောက်ခံသွားမယ်လို့ကနဦး သတင်းများအရသိရပါတယ်။

အခုလက်ရှိမှာတော့  ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစပြီး ဩဂုတ် ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက် ဖူးမြော်ခွင့်ပြုထားတာပါ။

ဩဂုတ် ၁၇ ရက်နေ့ကစပြီးတော့ လူကြီး တစ်ဦး ကျပ် ၁၀၀၀၊ ကလေး တစ်ဦး (ရင်ခွင်ပိုက်မပါ) ကျပ် ၁၀၀၀၊ နိုင်ငံခြားတစ်ဦးကို အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ၊ အပျော်ရိုက် ကင်မရာ (ဖုန်း/ ကင်မရာ) ကျပ် ၅၀၀၀၊ အလှဓာတ်ပုံရိုက် / Video (Pre Wedding) အပါ ကျပ် ၅၀၀၀၀ သတ်မှတ်ထားပြီး နာရီဝက်ကျော်ပါက ကျပ် ၅၀၀၀ ထပ်ပေးရပါမယ်။

ယာဉ်ဝင်ခကို တစ်စီး (ကားပါကင်ပါ) ကျပ် နှစ်သောင်းနဲ့ Buggy (၁)စီးကို (၄ယောက်စီး) ၁ နာရီ ကျပ် ၁၀၀၀၀ ကောက်ခံသွားမယ်လို့သိရပါတယ်။

Total Views ~ 366

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.