နေပြည်တော်၊ ဇူလိုင် ၉
မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် တာဝန်ယူရန် နော်ဝေလူမျိုး ဂျာမန်နိုင်ငံသားနည်းပြ Jorn Andersen သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ် (MFF) တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ရာထူးအတွက် တရားဝင် စာချုပ်ချုပ်ဆိုမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"မြန်မာ့လက်ရွေးစင် အသင်းအနေနဲ့ ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ကျင်းပမယ့် ဗီယက်နမ်နှင့် နိုင်ငံတကာခြေစမ်း ၊ အိမ်/အဝေးကစားရမယ့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲ၊ ဟောင်ကောင်မှာ ကျင်းပမယ့် ဖီဖာ-အာဆီယံဖလား ပြိုင်ပွဲများ ယှဉ်ပြိုင်ရန်ရှိနေတဲ့အတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် အောင်မြင်မှုစွမ်းဆောင်ပေးနိုင်မယ့် ပြည်ပနည်းပြသစ်တစ်ဦးကိုလည်း ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)ထံသို့ ဥရောပနှင့် တောင်အမေရိကတို့မှ နိုင်ငံခြားသားနည်း ပြများ လျှောက်ထားခဲ့ကြတာဖြစ်ပြီး အာရှဘောလုံးလောကမှာ လုပ်ကိုင်ခဲ့ဖူးသလို အသင်းငယ်များကို အောင်မြင်မှုရအောင် ပုံဖော်ပေးနိုင်တဲ့ အန်ဒါဆင်ကို ခန့်အပ်ဖို့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်"ဟု မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြောဆိုထားသည်။
အန်ဒါဆင်သည် နော်ေ၀ လက်ရွေးစင်အဖြစ် ၂၇ ပွဲကစား၊ ငါးဂိုးသွင်းယူထားခဲ့သည့် တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ကစားသမား၊ နည်းပြအဖြစ် ဂျာမန်ဘောလုံး လောကမှာ အောင်မြင်မှုများ ရရှိခဲ့ကာ ဂျာမနီ ရောက် နော်ဝေ ဘောလုံးသမားများအနက်မှ အကောင်းဆုံးပို့ကုန်တစ်ခုဟု ၁၉၉၀ ဝန်းကျင် ဘောလုံးမီဒီယာများ အမွှမ်းတင်ခဲ့သည်။ ၎င်းသည် ဂျာမနီကလပ် FSV Mainz 05 အသင်းကို ကိုင်တွယ်ခဲ့ပြီး အသင်းကို ဂျာမန်ဘွန်ဒက်စ်လီဂါ (ပထမတန်း)သို့ တန်းတက်ခွင့်ရရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့သည်။
နိုင်ငံအသင်းနည်းပြအဖြစ် မြောက်ကိုရီးယားအသင်းကို ၁၉၉၀ ပြည့် နှစ်နောက်ပိုင်း ပထမဆုံးသော နိုင်ငံခြားသားနည်းပြအဖြစ် သမိုင်းဝင် ခန့်အပ်ခံခဲ့ရပြီး အသင်းကို အရှေ့အာရှ၊ အာရှဖလား ပြိုင်ပွဲများဆီ အောင်မြင်စွာ ပို့ဆောင်ပေး နိုင်ခဲ့သည်။ ထို့အပြင် ဟောင်ကောင်အသင်းကို အာရှ၏ အမြင့်မားဆုံးစင်မြင့်ဖြစ်သည့် ၂၀၂၃ အာရှဖလား (AFC Asian Cup) အုပ်စုအဆင့် ပြိုင်ပွဲဆီ ပို့ဆောင်ပေး နိုင်ခဲ့ခြင်း ဖြစ်သည်။ ထူးမြတ်