Breaking

နှစ်လကျော် ကာလအတွင်း ချုပ်ပြီးအဝတ်အထည် တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိထား

2023 ဇူလိုင် ၉

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလ (၁) ရက်မှ ဇွန် လ (၂၃) ရက်နေ့အထိ CMP ကဏ္ဍတွင် ချုပ်လုပ်ပြီးအဝတ်အထည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၆၅.၁၉၅ သန်းရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက ပြောသည်။

စက်မှုထုတ်ကုန်နှင့် အထည်အလိပ်၊ အဝတ်အထည်ပစ္စည်းများ ပို့ကုန်တိုးမြှင့်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ဇွန်လအထိ အဝတ်အထည်တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၆၁ သန်းကျော် လျော့နည်းနေပြီး ယခုလက်ရှိဘဏ္ဍာနှစ် ကျန်ရှိသည့်ကာလတွင် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့်အသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ရန် ၎င်းက တိုက်တွန်းထားသည်။

CMP လုပ်ငန်းသည် အလုပ်အကိုင်များစွာကို ဖန်တီးပေးနိုင်သည့်အတွက် CMP ကဏ္ဍတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ GDP ကိုလည်း တိုးတက်စေမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ပြည်တွင်းရှိ စက်မှုထုတ်ကုန်၊ အထည်အလိပ်၊ အဝတ်အထည် ပစ္စည်းများ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈) ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

Total Views ~ 406

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.