၂၀၂၅၊ ဒီဇင်ဘာလ ၈
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ လွှတ် တော်ကိုယ်စားလှယ်လောင်းများ၏ မိဘပြည်သူများနှင့် တွေ့ဆုံပြီး မဲဆွယ်စည်းရုံးရေးဟောပြောပွဲကို ဒီဇင် ဘာလ ၇ ရက်၊ မိုင်းပွန်မြို့၊ ပအိုဝ်းအမျိုးသား(ဒဲဉ်သီးဗွေ)ကွင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ မဲဆွယ်စည်းရုံးရေးဟောပြောပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီအထွေထွေအတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ တက်ရောက်ပြီး အောင်နိုင်ရေးစကားပြောကြားကာ မိဘပြည်သူ (၆၀၀) ဝန်းကျင် လာရောက်ဝန်းရံခဲ့ကြကြောင်း သိရပြီး ဆွယ်စည်းရုံးရေးဟောပြောပွဲသို့ ဟိုပုံးအနုပညာရှင်များဖြစ်ကြသည့် အဆိုတော် ခွန်အောင်နိုင်၊ ခွန်မျိုးထွေး၊ ခွန်ထွန်းဝေ၊ ခွန်မွူးလာနှင့် နင်ꩻမူႏပန်သေတို့က လိုက်ပါဝန်းရံကြပြီး အောင်နိုင်ရေး သီချင်းများနှင့် အချစ်သီချင်းများ ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကို ခွန်ကောင်းချစ်ထွန်းက သော်လည်းကောင်း၊ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်((FPTP)၊ မဲဆန္ဒနယ်အမှတ်(၃)ကို ခွန်ထွိုင်းကသော်လည်းကောင်း၊ ပြည်နယ်လွှတ်တော်(FPTP)ကို ခွန်ညိုမောင်က သော်လည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော်(PR)၊ မဲဆန္ဒနယ်အမှတ်(၁)ကို ခွန်စနေအောင်က သော်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီသည်ဒီဇင် ဘာဘာလ ၆ရက်နေ့ကလည်း ကလော မြို့နယ်၊ကျောက်ဆောင်မြေခြားဒေသ၊ သာမိုင်းခမ်းကျေးရွာအုပ်စု၊နောင်စံဖူးကျေးရွာတွင် ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်အောင်နိုင်ရေးကော်မတီများက လူထုမဲဆွယ်စည်းရုံးရေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။ ညီသစ်