ပါချုပ်ဆရာတော်ကြီး သက်တော် (၇၈) နှစ်ပြည့် အထိမ်းအမှတ် ပို့ချထားသည့် Introduction to Nettipakarana ဓမ္မပညာ သင်တန်းကို ဗီယက်နမ်ဘာသာဖြင့် စာအုပ်ထုတ်ဝေမည်

၂၀၂၃ စက်တင်ဘာ ၃

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ၂၀၁၈ ခုနှစ်၊ မေလက သက်တော် (၇၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အင်္ဂလိပ်ဘာသာဖြင့်ထွက်ရှိခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့်သင်ကြားပို့ချထားသည့် Introduction to Nettipakarana ဓမ္မပညာသင်တန်းကို ဗီယက်နမ်ဘာသာဖြင့် ဓမ္မဒါန စာအုပ်အဖြစ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဗီယက်နမ်ဘာသာဖြင့် ဓမ္မဒါန စာအုပ်အဖြစ်ထုတ်ဝေရန် ဗီယက်နမ် ယောဂီသင်တန်းသားများမှ ပါမောက္ခချုပ်ဆရာတော်ကြီးထံ ဩဝါဒခံယူလျှောက်ထားခဲ့သဖြင့် ဆရာတော်ကြီးမှခွင့်ပြုပေးတော်မူခဲ့ကြောင်း သိရသည်။

မြတ်စွာဘုရားဟောကြားခဲ့သည့် တရားဓမ္မများကိုရှင်းပြရန် နားလည်ရန် ချဉ်းကပ်လေ့လာရမည့် The Guide နှင့် Method များဖြစ်၍ လွန်စွာဖတ်ရှူလေ့လာစရာကောင်းလှသည်ဟု ပါမောက္ခချုပ်ဆရာတော်ကြီးမှ မိန့်ကြားတော်မူခဲ့သည်။

ထို့ပြင် ဓမ္မပညာများအတွက်သာမက မည်သည့်ပညာရပ်များကိုမဆို စနစ်တကျအသေးစိတ် လေ့လာနိုင်ရေး၊ပညာရေးသုတေသနများပြုလုပ်ရေး အတွက်ပါ Apply ပြုလုပ်အသုံးပြုနိုင်စရာရှိသည်ဟုလည်း ဆရာတော်ကြီးမှ မိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။

Total Views ~ 313

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.