Breaking

ပါတီကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နှင့် ကော်မရှင်ကြေးများ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းအသစ်များ ပြဋ္ဌာန်းပြီးမှသာ UEC က ထုတ်ပြန်ပေးနိုင်မည်

နေပြည်တော် ၊ ဇန်နဝါရီ
ရွေးကောက်ပွဲ၀င်မည့် ပါတီကိုယ်စားလှယ်လောင်းများ၏ပညာအရည်အချင်းကန့်သတ်ချက်နှင့် ကော်မရှင်ကြေးသတ်မှတ်ချက်များ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းအသစ်များ ပြဋ္ဌာန်းထုတ်ပြန်ပေးပြီးမှသာ အတည်ပြုပြန်ကြားပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
လာမည့် ၂၀၂၃ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် သက်ဆိုင်ရာပါတီကိုယ်စားလှယ်လောင်းများအား ပညာအရည်အချင်းသတ်မှတ်ချက်များ ကန့်သတ်မှုကို ပါတီများသို့ မည်သည့် အချိန်လောက်မှ ပေးပို့မည်နည်း၊ကိုယ်စားလှယ်လောင်းများအတွက် ကော်မရှင်ကြေးကို ယခင်ရွေးကောက်ပွဲများတွင် ကျပ်သုံးသိန်းတိတိ
ပေးသွင်းခဲ့ရပြီး ယခု ၂၀၂၃ ရွေးကောက်ပွဲတွင် ကော်မရှင်ကြေး မည်မျှသတ်မှတ်မည်ကို သိရှိလိုကြောင်း သတင်းမီဒီယာ၏ မေးခွန်းအပေါ် UEC က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် UEC အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို အသစ်ပြဋ္ဌာန်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဥပဒေ၊နည်းဥပဒေသစ်များ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက အတည်ပြုပြန်ကြားပေးမည်ဖြစ်သည်။

Total Views ~ 348

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61527

© 2022 - 2026 News. All Rights Reserved.