Breaking

ပဲခူးမြို့ ရွှေမောဓောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်၌ ပင်လယ်ဓားပြ ရဟတ်စင် အတက်လမ်းပြိုကျ၍ ထိခိုက်ဒဏ်ရာရသူများပြား

၂၀၂၃၊ မတ်၊ ၂၇

ပဲခူးတိုင်း၊ ပဲခူးမြို့ ကျက်သရေဆောင် ရွှေမော်ဓောဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ရှိ ပင်လယ်ဓားပြရဟတ်စင်၏ အတက်လမ်းသည် မတ် ၂၆ ရက်ညပိုင်းက ပြိုကျ၍ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း တူညီမေတ္တာရှင်အသင်း မှ သိရသည်။

“အတက်လမ်းကို စုပြုံတက်ကြတော့ လူဝိတ်ပိုကို မခံနိုင်ဘဲပြိုကျသွားတာ ထိခိုက်မိတဲ့လူတွေများတယ် အနည်းအကျဥ်းထိတဲ့လူတွေလည်းရှိတယ် ကြီးကြီးမားမားဒဏ်ရာရတဲ့လူတွေလည်းရှိတယ် “ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား တူညီမေတ္တာရှင်လူမှုကူညီရေးအသင်းကားများဖြင့် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Total Views ~ 420

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61515

© 2022 - 2026 News. All Rights Reserved.