Breaking

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တောင်ဒဂုံမြို့နယ် မဲဆန္ဒရှင်ပြည်သူများကို လိုက်လံတွေ့ဆုံ

ရန်ကုန် ဒီဇင်ဘာ ၆
  ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် တောင်ဒဂုံမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စမ်းစမ်းဌေးမှ လိုက်လံတွေ့ဆုံခဲ့ပြီး ပန်းဖလက်များ ဝေငှပေးခဲ့သည်။
  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စမ်းစမ်းဌေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ဒဂုံမြို့သစ်ခရိုင်၊ ခရိုင်ဥက္ကဌအဖြစ်ဆောင်ရွက်နေသူဖြစ်ပြီး ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။"အမျိုးသမီးများဘဝလုံခြုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရ၊ လူနေမှုဘဝမြင့်မလာစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်"ဟု ရွေးကောက်ပွဲ ဂတိကဝတ်ပြုထားသူဖြစ်သည်။
   တောင်ဒဂုံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်စမ်းစမ်းဌေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးအေးပိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုးယုနှင့် ဦးအောင်ဇော်ဦးတို့က ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်သည်။ HM

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58660

© 2022 - 2025 News. All Rights Reserved.