Breaking

ပြည်တွင်ဂျင်းဈေး တစ်ပိဿာ ၁၀၀၀၀ အထိမြင့်တက်လာ

၂၀၂၃ ဇွန် ၆

ပြည်တွင်းဈေးကွက်၌ ဂျင်း တစ်ပိဿာ ၁၀၀၀၀ အထိမြင့်တက်လာကြောင်း ရောင်းချသူများနှင့် ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။

ဂျင်းဈေးနှုန်းသည် ၂၀၂၃ ခုနှစ်အတွင်း သိသိသာသာမြင့်တက်လာခဲ့ပြီး လက်ရှိတွင် ဈေးကွက်အတွင်း၌ အတက်ဘက်ကို ဦးတည်နေကြောင်း သိရသည်။

“ အရင်တုန်းက ချင်း(ဂျင်း)ဈေးက ဘယ်လောက်မှ မရှိဘူး။ အခုဆိုရင် မကြားဘူးတဲ့ ဈေးတွေဖြစ်ကုန်တာ။ ကုန်ဈေး နှုန်းတက်တယ်ဆိုပေမယ့် ချင်း(ဂျင်း)ဈေးက တစ်ခါမှ အဲဒီလောက်မတက်ဘူး။ အခုဆိုရင် တစ်ပိဿာ ၁၀၀၀၀ အထိကိုဖြစ်နေတာ”ဟု တောင်ဥက္ကလာပတွင် နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။

ယခင်က ချင်း တစ်ပိဿာကို ၄၅၀ ကျပ်မှ ၈၀၀ ကျပ်ဝန်းကျင်လောက်အထိရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ နှစ်ဦးပိုင်းမှစတင်ကာ ၁၈၅၀ ကျပ်မှ ၅၀၀၀ ကျပ်ဝန်းကျင်အထိရှိခဲ့ရာမှ ယခုလက်ရှိတွင် ကျပ် ၁၀၀၀၀ အထိမြင့် တက်လာခြင်းဖြစ်သည်။

ပြည်တွင်းချင်းအစိုကို ပြည်ပပို့ကုန်အဖြစ် ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ အများဆုံးဖြစ်ပြီး အခြားနိုင်ငံတွေကို အနည်းငယ်သာ တင်ပို့ရကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ ချင်းအခြောက်ကို ဂျာမနီနိုင်ငံသို့ တင်ပို့နေပြီး ယူအေအီးနိုင်ငံမှလည်း မြန်မာ့ချင်းကို ဝယ်ယူရန် ကမ်းလှမ်းထားကြောင်းလည်း သိရသည်။

Total Views ~ 473

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.