ပြည်တွင်းဆန်နဲ့ဆန်ကွဲစျေးကောင်းနေလို့ ပြည်ပဆန်တင်ပို့တဲ့ ပို့ကုန်လုပ်ငန်းတွေ အဝယ်ရပ်နေ

၂၀၂၃ ဇူလိုင် ၁၀

ပြည်တွင်းမှာဆန်နဲ့ဆန်ကွဲစျေးကောင်းနေတဲ့အတွက် ဇူလိုင်လဆန်းကစတင်ပြီး ပြည်ပတင်ပို့တဲ့ဆန်တွေကို ပြည်ပို့ကုန်လုပ်ငန်းတွေက ဝယ်ယူတာ ရပ်နေတယ်လို့ ဆန်ကုန်သည်တချို့ကပြောပါတယ်။

လတ်တလော ပြည်တွင်းဆန်ဈေး အမြင့်ဈေးရောက်နေတဲ့အတွက် ပို့ကုန်လုပ်ငန်းတချို့ဟာတင်ပို့ဖို့ ချုပ်ဆိုတဲ့ဈေးနှုန်းတွေနဲ့ တွက်ခြေမကိုက်တာကြောင့် ပြည်ပတင်ပို့တဲ့ဆန်တွေ ဝယ်လိုအား လျော့ကျနေတာဖြစ်သလို မူလစာချုပ်အရတင်ပို့ပြီးတဲ့လုပ်ငန်းတွေကလည်း  နောက်ထပ်စာချုပ်အတွက် ထပ်မံဝယ်ယူတာမျိုးမရှိတော့တာလို့ သိရပါတယ်။

လက်ရှိပြည်ပတင်ပို့တဲ့ ဆန်တစ်အိတ်ကို ကျပ် ၅၂,၀၀၀ ကနေ ကျပ် ၅၄,၀၀၀ လောက်အထိရှိနေပြီး တစ်အိတ်ကို ကျပ် ၅၀,၀၀၀ အောက် ရောက်မှသာ ဝယ်လိုအား ပြန်တက်လာနိုင်တယ်လို့သိရပါတယ် ။

လတ်တလောဆန်စျေးကွက်မှာတော့ လက်လီဆန်ဆိုင်တွေကိုပဲ အားထားရောင်းနေရတယ်လို့သိရပါတယ်။

မိုးစပါးအသစ် လှိုင်လှိုင်ပေါပါက ဆန်စျေးကျကာ အရောင်းအဝယ်ပြန်ကောင်းဖို့မျှော်လင့်နေကြပါတယ်။

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်ကို ဇွန်လကဆန်နဲ့ဆန်ကွဲအိတ်ရေ ၅၀၀၀၀ ဝန်းကျင်ဝင်ရောက်မှုရှိပေမယ့် လတ်တလော အိတ်ရေ ၃၀၀၀၀ ဝန်းကျင်သာ ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။

Total Views ~ 522

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.