Breaking

ပြည်ထောင်စုဝန်ကြီး ဦးရေ (၃၀) သတ်မှတ်ချက်ကို နည်းဥပဒေ (၂၆) အရ ပြည်ထောင်စု လွှတ်တော်က သဘောတူ

နေပြည်တော် ဧပြီ ၇


နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့်ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ဧပြီလ ၇ရက်နေ့က ကျင်းပသည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထောင်စု လွှတ်တော်က သဘောတူကြောင်း နာယကက ကြေညာခဲ့သည်။ 


ပြည်ထောင်စု ဥပဒေဆိုင်ရာ ပုဒ်မ( ၃၁)၊ နည်းဥပဒေ (၂၆ ) တို့နဲ့အညီ ပြည်ထောင်စုဝန်ကြီးဦးရေ (၃၀) ဦး သတ်မှတ်ချက်နှင့် စပ်လျဥ်းပြီး
ဆွေးနွေးလိုသည့် လွှတ်တော်
ကိုယ်စားလှယ်များ ရှိပါက ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး အမည်စာရင်းပေးပို့ကြရန် ကြေညာခဲ့ ခြင်းဖြစ်သည်။


အဆိုပါ တင်ပြချက်နှင့် စပ်လျဥ်း၍ ဆွေးနွေးမည့်လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အတွက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက တင်ပြထာသော ပြည်ထောင်စုဝန်ကြီး ဦးရေ (၃၀) သတ်မှတ်ချက်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေဆိုင်ရာ နည်းဥပဒေ (၂၆) အရ ပြည်ထောင်စု လွှတ်တော်က သဘောတူကြောင်း နာယကက ကြေညာခဲ့သည်။


ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးသည့် ပြည်ထောင်စုဝန်ကြီးအမည်စာရင်းများမှာဦးခင်မောင်ရီ၊ဦးအောင်ကျော်ဟိုး ၊ ဦးတင်အောင်ဆန်း ၊ဦးမြထွန်းဦး ၊ ဗိုလ်ချုပ်ကြီး ထွန်းအောင် ၊ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ၊ ဦးတင်မောင်ဆွေ ၊ဒေါက်တာကံဇော် ၊ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ၊ဦးသန်းမောင် ၊ ဒေါက်တာသီတာဦး ၊ ဒေါက်တာချောချောစိန် ၊ဒေါက်တာမျိုးသိန်းကျော် ၊ ဒေါက်တာသက်ခိုင်ဝင်း ၊ ဒေါက်တာသက်သက်ဇင်၊ ဦးထိန်လင်း ၊ဦးတင်ဦးလွင် ၊ဦးမင်းနောင် ၊ ဦးမျိုးဇော်သိန်း ၊ ဦးဆန်းဦး ၊ဦးကိုကိုလွင် ၊ဒေါက်တာချာလီသန်း ၊ ဦးမြင့်ကြိုင် ၊ ဦးခင်မောင်စိုး ၊ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း ၊ ဒေါက်တာမောင်သင်း ၊ ဦးမျိုးသန့် ၊ ဒေါက်တာစိုးဝင်း နှင့် ဦးမောင်မြင့် တို့ဖြစ်သည်။


ဖွဲ့စည်းထားသော အစိုးရဝန်ကြီးဌာနများမှာ အမျိုးသားစီမံကိန်း​၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ပို့ဆောင်ရေးဝန်ကြီးဌာန၊ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ပြည်ထဲရေးဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန ၊ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊နယ်စပ်ရေးရာဝန်ကြီးဌာန၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန ၊ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၊ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသမီးရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊သာသနာရေးဝန်ကြီးဌာန ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၊စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊အလုပ်သမားဝန်ကြီးဌာန၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အားကစားရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ဖြစ်သည်။

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61344

© 2022 - 2026 News. All Rights Reserved.