ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ အာရှဖလား ခြေစစ်ပွဲအောင် မြန်မာ ယူ ၁၇ အမျိုးသားဘောလုံးအသင်းကို သိန်း ၁၀၀၀ ဂုဏ်ပြုချီးမြှင့်

ရန်ကုန် ဒီဇင်ဘာ ၁

၂၀၂၆ ခုနှစ် ယူ ၁၇ အာရှဖလားခြေစစ်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ သည့် မြန်မာ့လက်ရွေးစင် ယူ ၁၇ အသင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၁၀၀၀)အား ချီးမြှင့်ပေးအပ်လိုက်ကြောင်းသိရသည်။

မြန်မာအသင်းအနေနှင့် အုပ်စုတွင်းပွဲစဥ်များတွင် အာဖကန်နစ္စတန်အသင်းကို ၃ ဂိုး ၁ဂိုး၊ နီပေါအသင်းကို  မြန်မာအသင်းက ၄ ဂိုး ဂိုးမရှိရလာဒ်ဖြင့် ထပ်မံအနိုင်ယူပြီး တတိယပွဲစဥ်တွင် အိုမန်အသင်းကို ၂ ဂိုး  ဂိုးမရှိ၊ ဆီးရီးယာအသင်းကို သရေရလာဒ်ဖြင့် အုပ်စုတွင်းရမှတ် ၁၀မှတ်ဖြင့် အုပ်စုပထမနေရာဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ HM

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58456

© 2022 - 2025 News. All Rights Reserved.