ပြည်ပအဝယ်လိုက်နေ၍ ကြက်သွန်နီဈေးမြင့်တက်

၂၀၂၃ ဩဂုတ် ၂၁

တရုတ်၊ ထိုင်း၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေက အဝယ်လိုက်နေတာကြောင့် ပြည်တွင်းမှာ ကြက်သွန်နီဈေး မြင့်တက်နေတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။

ဩဂုတ်လပထမအပတ်ကစပြီး ပြည်ပအဝယ်ပြန်လိုက်လာတာကြောင့် ကြက်သွန်ထွက်ရှိတဲ့ ပင်ရင်းဒေသတွေမှာ တစ်ပိဿာကို ကျပ်၂၃၀၀ ဝန်းကျင်နဲ့ ပွဲရုံအရောက်ဈေးကတော့ ကျပ်၂၆၀၀ အထိ ရှိနေတယ်လို့ ဆိုပါတယ်။

ကြက်သွန်နီတွေကို ပြည်ပတင်ပို့ရာမှာတော့ တရုတ်နိုင်ငံကို မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ တင်ပို့နေသလို ထိုင်းနိုင်ငံကို တာချီလိတ်နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ တင်ပို့နေပြီး ဗီယက်နမ်နိုင်ငံကို ထိုင်းနိုင်ငံကနေတစ်ဆင့် ဆက်လက်တင်ပို့တာဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပဈေးကွက်မှာတော့ ကြက်သွန်နီတစ်တန်ကို အမေရိကန်ဒေါ်လာ ၄၆၆ ဒေါ်လာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

Total Views ~ 582

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63917

© 2022 - 2026 News. All Rights Reserved.