Breaking

ဖူဆယ် ကြံ့ခိုင်ရေးနည်းပြ Mr.Tawan Wutti ကို တစ်နှစ်စာချုပ် ချုပ်ဆို

၂၀၂၂ ဒီဇင်ဘာ ၁

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ထိုင်းလူမျိုး ဖူဆယ်ကြံ့ခိုင်ရေးနည်းပြ Mr.Tawan Wutti ကို စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် Mr.Tawan Wuttiကို ၂၀၂၃ခုနှစ် နိုဝင်ဘာ ၃၀ အထိ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းများ၊ သက်တမ်းအလိုက် ဖူဆယ်လက်ရေးစင် အသင်းများအားလုံးတွင် ကြံ့ခိုင်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

Mr.Tawan Wutti သည် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသားအသင်း၏ ကြံ့ခိုင်ရေးနည်းပြ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး လက်ရှိ အချိန်တွင် ပဏာမ မြန်မာ့လက်ရွေး ယူ-၁၈အသင်းတွင် ကြံ့ခိုင်ရေးနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။

Total Views ~ 472

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61515

© 2022 - 2026 News. All Rights Reserved.