နေပြည်တော် ၊ ဧပြီ ၂
မနက်ဖြန် (ဧပြီလ ၃ ရက်) ကျင်းပမည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ယနေ့(ဧပြီ ၂ )နံနက် ၁၀ နာရီမှ စတင်၍ နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အထက်ပါအတိုင်း အသိပေးပြောကြားခဲ့သည်။