Breaking

မေလ ၂၇ ရက်နေ့ကနေ ၂၉ ရက်အတွင်း တနင်္သာရီမှာ မိုးကြီးရေလျှံမှုတွေဖြစ်မယ် မိုးလေဝသပညာရှင် စုစုစံ ပြောကြား

 

မေလ ၂၃

လာမည့် မေလ ၂၇ ရက်နေ့ကနေ ၂၉ ရက်အတွင်း တနင်္သာရီမှာ မိုးကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်စုစုစံက ပြောကြားထားပါတယ်။

မိုးလေဝသ ပညာရှင်စုစုစံက “မေလ ၂၇ရက်နေ့မှ ၂၉ရက်နေ့အတွင်း ထိုင်းပင်လယ်ကွေ့အတွင်း low pressure cell များစုဖွဲ့မှု့အားကောင်းနိုင်ပြီး တနင်္သာရီတိုင်း ကြီးကိုကျော်ဖြတ်ကာ မေလ ၃၀ရက်နေ့မှာ ကပ္ပလီပြင်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။ အဆိုပါရက်များအတွင်း ထိုင်းပင်လယ်ကွေ့ဒေသနှင့် တနင်္သာရီတိုင်း ဒေသကြီးမှာမိုးကြီးရေလွှမ်းနစ်မြုပ်မှုတွေဖြစ်နိုင်ပါတယ်” လို့  ယနေ့ မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြောပါတယ်။

ယင်းအပြင် မေလ ၃၀ရက်နေ့ ၃၁ရက်နေ့တွေမှာ မုတ္တမပင်လယ်ကွေအတွင်း စုဖွဲ့အား ပိုမို အားကောင်းလာနိုင်ကာမုတ္တမပင်လယ်ကွေ့ဒေသများမိုးကြီးရေလျှံနိုင်ပါတယ်လို့လည်း ယင်းက ထပ်မံ ပြောပါတယ်။

 Monsoon low system တစ်ခုဖြစ်လို့ အဆိုပါဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတစ်ခုလုံးမှာမိုးတွေရွာနိုင်ပါတယ် မိုးကြီးရေလျှံနိုင်မှုတွေဖြစ်ပေါ်နိုင်တယ်လို့ လည်း ပြောကြားထားပါတယ်။

Total Views ~ 580

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.