မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁ ဒ သမ ၄၇ ဘီလီယံကျော် ရရှိထား

2023 ဩဂုတ် 19

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ (၁) ရက်မှ ဩဂုတ်လ (၄) ရက်အထိ (၄) လအတွင်း မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်မှုတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ဒသမ ၄၇ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၈၄၅ ဒသမ ၆၁၃ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၆၃၁ ဒသမ ၄၅၇ သန်းတင်သွင်းခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

အဆိုပါ ပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူအတွင်း ဆောင်ရွက်ခဲ့သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း သန်း ၆၀၀ နီးပါး ပိုမိုကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများအပါအဝင် ကြက်သွန်၊ ငရုတ်၊ ရော်ဘာနှင့် ရေထွက်ပစ္စည်းများကို တင်ပို့လျှက်ရှိနေပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျှက်ရှိကြောင်း သိရသည်။

Total Views ~ 441

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63917

© 2022 - 2026 News. All Rights Reserved.