Breaking

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV DTH Platfrom တွင် ကုမ္ပဏီလေးခု လုပ်ကိုင်ခွင့်ရ

၂၀၂၃ စက်တင်ဘာ ၇

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)ရဲ့ DTH Platformမှာ ပုဂ္ဂလိက Free to Air ရုပ်သံလိုင်းတွေ ထုတ်လွှင့် ပြသဖို့ အဆိုပြုချက်တင်သွင်းထားတဲ့အထဲက ကုမ္ပဏီလေးခုကို ရွေးချယ်လိုက်ပြီဖြစ်တယ်လို့ စက်တင်ဘာ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

အဆိုပြုချက်တင်သွင်းထားတဲ့ ကုမ္ပဏီတွေထဲက Forever Group ကုမ္ပဏီလီမိတက်၊ ABC Content Solutions ကုမ္ပဏီလီမိတက်၊ New Image Trading ကုမ္ပဏီလီမိတက်နဲ့ Fortune Broadcasting ကုမ္ပဏီလီမိတက်တို့ကို လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူတွေအဖြစ် ရွေးချယ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုရွေးချယ်လိုက်တဲ့ ကုမ္ပဏီတွေအနေနဲ့ MRTV DTH မှာ ရုပ်သံလိုင်းတွေ ထည့်သွင်းပြသနိုင်ရေးအတွက် လုပ်ငန်းစဉ်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ MRTV DTH Platform စနစ်နဲ့ ရုပ်သံလိုင်းတွေထုတ်လွှင့်တာကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Total Views ~ 423

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.