Breaking

မြန်မာ-တရုတ်-ဟောင်ကောင်တို့မှ ကုမ္ပဏီ ၃ ခုပူးပေါင်း၍ မြန်မာနိုင်ငံ၏ ပထမဆုံး လေအားလျှပ်စစ်စီမံကိန်းအား ဂွမြို့နယ်၌ ပြုလုပ်​နေ

၂၀၂၃ မတ် ၁၃

မြန်မာနိုင်ငံ၏ ပထမဆုံး လေအားလျှပ်စစ်စီမံကိန်းအား မြန်မာနိုင်ငံသားပိုင် Primus Advanced Technologies Limited (PRIMUS)၊ ဟောင်ကောင်အခြေစိုက် Asia Ecoenergy Development Limited(AED)၊ တရုတ်နိုင်ငံ Yunnan Machinery and Equipment Import and Export Co., Ltd တို့ပူးပေါင်း၍ ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ဖော်ဆောင်လျက်ရှိသည်။

စီမံကိန်း၏ လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် ဖြစ်မြောက်နိုင်စွမ်းစူးစမ်းလေ့လာမှု ဆောင်ရွက်နိုင်ရန် လေတိုက်နှုန်းတိုင်းကိရိယာ (Anemometers) စိုက်ထူထားမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ မတ် ၁၂ ရက်နံနက်က လာ​ရောက်ကြည့်ရှုခဲ့သည်။

 

လေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး လေအားလျှပ်စစ်စီမံကိန်းဖြစ်၍ အမြန်ဆုံးထုတ်လုပ်နိုင်ရန်ကြိုးစားကြမည်ဟုသိရသည်။

လေအားလျှပ်စစ် စီမံကိန်းများအား ​နောပ်ထပ်ဆောင်ရွက်ဖို့ရှိ​နေသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနေရာများရှိ၍ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ခြင်းများကိုပါ ကြိုတင်ဆောင်ရွက်သွားရမည်ဖြစ်ကာ ရခိုင်ဒေသအရင်းအမြစ်များတွင် လေအားနှင့်ထုတ်လုပ်သည့် အရင်းအမြစ်များအား ဆက်လက်တိုးချဲ့နိုင်ရန်ဆောင်ရွက်သွားရမည် ဟုလည်း ဝန်ကြီးကမှာကြားခဲ့သည်။

လေတိုက်နှုန်းတိုင်းကိရိယာများ(Anemo- meters)ကို ၂၀၁၆ ခုနှစ်မှစတင်ကာ အမ်းမြို့နယ်တွင် ၂ တိုင်၊ဂွမြို့နယ်တွင် ၁ တိုင်၊သံတွဲမြို့နယ်တွင် ၁ တိုင်တပ်ဆင်ခဲ့ပြီး လေတိုက်နှုန်းရလဒ်များကို ၆ နှစ်စာမှတ်တမ်းရယူထားပြီးဖြစ်သည်။ စီမံကိန်းသည် တပ်ဆင်စက်အင်အား ၁၀၀ မဂ္ဂါဝပ်ဖြစ်ပြီး တစ်နှစ်ထုတ်လုပ်နိုင်မှုဓာတ်အားမှာ ၂၂၇ ဒသမ ၂ ကီလိုဝပ် နာရီသန်းပေါင်းရရှိမည်ဖြစ်သည်။

Total Views ~ 431

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.