မြန်မာ-ဟောင်ကောင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ကိုဗစ်(၁၉)ရောဂါကာလမတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိရန် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးအတွက်ဆွေးနွေး

၂၀၂၃ ဩဂုတ် ၁၁

မြန်မာ-ဟောင်ကောင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ကိုဗစ်(၁၉)ရောဂါကာလမတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိရန် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးအတွက် ဟောင်ကောင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးဟန်ဝင်းနိုင်နှင့် ဗန်ကောက်မြို့၌ ရုံးစိုက်သည့် Hong Kong Economic and Trade Office တွင် တာဝန်ခံညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်မည့် Mr. Parson Lam တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ဟောင်ကောင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးဟန်ဝင်းနိုင်မှ Hong Kong Economic and Trade Office တွင် တာဝန်ခံညွှန်ကြားရေးမှူးအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် Mr. Parson Lam အား သြဂုတ် ၁၀ ရက်နံနက် ၁၁ နာရီ ၁၅ မိနစ်က လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ဟောင်ကောင်ဒေသတို့ကြား စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဗန်ကောက်မြို့ အခြေစိုက် ဟောင်ကောင်စီးပွားရေးနှင့်ကုန်သွယ်ရေးရုံးမှတစ်ဆင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ဟောင်ကောင်ဒေသ၏စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည်များပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ဟောင်ကောင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ကိုဗစ်(၁၉)ရောဂါကာလမတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိရန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

Total Views ~ 332

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63917

© 2022 - 2026 News. All Rights Reserved.