Breaking

ယခုတစ်ပတ်စားအုန်းဆီလက်ကားဈေး ၃၅ ကျပ်ထက်တက်

၂၀၂၃ မတ်  ၁၃

စားအုန်းဆီလက်ကားဈေး ဒီတစ်ပတ်ကြာအတွက် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ ယခင်တစ်ပတ်ထက် ဆီတစ်ပိဿာ ငွေကျပ် ၃၅ ကျပ်နှုန်း ဈေးပြန်တက်လာတယ်လို့ သိရပါတယ်။

ယခုတစ်ပတ် မတ်လ ၁၃ ရက်ကနေ မတ်လ ၁၉ရက်အထိ စားသုံးဆီရည်ညွှန်းဈေးသတ်မှတ်ချက်မှာ တစ်ပိဿာဈေး ၄၆၃၅ ကျပ် သတ်မှတ်ထားတာကြောင့် ယခင်တစ်ပတ်ရည်ညွှန်းလက်ကားဈေး တစ်ပိဿာ ၄၆၀၀ကျပ်နှုန်းထက် ငွေကျပ် ၃၅ ကျပ်နှုန်း အကွာနဲ့ ဈေးအနည်းငယ် မြင့်လာတာဖြစ်ပါတယ်။

လက်လီဈေးကွက်မှာတော့ စားအုန်းဆီဈေးဟာ တစ်ပိဿာ ၇၅၀၀ကျပ် ဈေးရှိနေကာ ဈေးဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။

စားအုန်းဆီ ရည်ညွှန်းဈေးတွေကို စားသုံးဆီတင်သွင်းဖြန့်ဖြူးမှုကြီးကြပ်ကော်မတီက သယ်ယူပို့ဆောင်စရိတ်၊ အကောက်ခွန်နဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအပါအဝင် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံရှိ FOBဈေးနှုန်းများကို အနီးကပ် စောင့်ကြည့်နေပြီး စားသုံးဆီအတွက် လက်ကားရည်ညွှန်းဈေးကို အပတ်စဉ်ထုတ်ပြန်ပေးနေပါတယ်။

Total Views ~ 610

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61515

© 2022 - 2026 News. All Rights Reserved.