ရခိုင်က မြို့နယ်အချို့ ယခုဇွန်လကုန်နဲ့ ဇူလိုင်လ ပထမပတ်မှသာ လျှပ်စစ်မီးရမယ်

၂၀၂၃ ဇွန် ၁၅

ရခိုင်ပြည်နယ်ရှိ မြို့နယ် အချို့ ယခုဇွန်လကုန်မှ ဇူလိုင်လ ပထမအတွင်းမှသာ လျှပ်စစ်မီး ပြန်ရမယ်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်‌ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောပါတယ်။

ယင်းက “မိုခါကြောင့် ရခိုင်ပြည်နယ် (၁၇)မြို့နယ်လုံးပျက်စီးမှုမှာ ကျပ်ငွေဘီလီယံ ငါးရာနှစ်ဆယ်ကျော်ရှိပါတယ်။ သေဆုံးသူ (၁၄၈) ဦးရှိခဲ့ပါတယ်။ စစ်တွေ ၊ ပုဏ္ဏားကျွန်း မီးလင်းပါပြီ။ ကျန်မီးမလင်းသေးတဲ့ မြို့နယ်များ ဇွန်လကုန်မှာ မီးလင်းပါမယ်။ ဘူးသီးတောင်၊ မောင်တော ဇူလိုင် ပထမပတ် လျှပ်စစ်မီးပြန်ရပါမယ်။ တယ်လီဖုန်းဆက်သွယ်မှု အပြည့်အဝပြန်ရခဲ့ကြပါပြီ” လို့ ယနေ့ ဇွန်လ ၁၅ ရက်နေ့ မိုခါ မုန်တိုင်းတိုက်ခတ်မှု ၁ လပြည့်နေ့မှာ ပြောတာပါ။

အဆိုပါ မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ အခြေခံပညာကျောင်းပေါင်း (၁၅၃၈)ပျက်ခဲ့ပြီး လက်ရှိမှာတော့  ထက်/လယ်/မူ (၄၁၆) ကျောင်းပြန်ပြင်ပြီး ပြုပြင်ဆဲ (၉၄၉)ကျောင်းနှင့် ပြုပြင်ရန် ကျန် (၁၇၃)ကျောင်း ရှိကာ  ကျောင်းပေါင်း (၁၁၈)ကျောင်းကတော့  အသစ်ပြန်ဆောက်ရပါမယ်လို့ ယင်းက ပြောပါတယ်။

အလားတူ ဆေးရုံ၊ ဆေးခန်း၊ ဆေးပေးခန်း (၇၅၂)ခုပျက်စီးခဲ့ပြီး (၇၅၀)ဖွင့်လှစ်ထားပြီလို့လည်း ဆိုပါတယ်။

Total Views ~ 461

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63917

© 2022 - 2026 News. All Rights Reserved.