Breaking

ရထားစီးခရီးသည်များ အဆင်ပြေစေရန် ရန်ကုန်-ပဲခူး DEMU ရထားခရီးစဉ် ထပ်တိုး ပြေးဆွဲ

ရန်ကုန်၊ သြဂုတ် ၁၃
    ရထားစီး ခရီးသည်များ အဆင် ပြေစေရန်အတွက် ရန်ကုန်-ပဲခူး Diesel Electric Multiple  Units  DEMUs (DEMU) ရထားခရီးစဉ်များကို ထပ်တိုးပြေးဆွဲ‌ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
    DEMU ရထားခရီးစဉ်ကို ပဲခူးအထွက်နှစ်စီး၊ ရန်ကုန် အထွက်နှစ်စီးနှင့် ရထားအစီးရေ၊ အချိန်ထပ် တိုးပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း သိရသည်။
    "ခရီးသွားပြည်သူများ အဆင်ပြေစေရန် ကျွန်တော်တို့ ထပ်တိုး ပြေးဆွဲပေးတာပါ။ ရန်ကုန်ကနေ ၁၁ ရက်ကနေ စပြီးတော့ ညနေ ၄ နာရီ ၄၅ မိနစ်တစ်စီး၊ ညနေ ၅ နာရီ ၁၅ မိနစ်တစ်စီး ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ ပဲခူး‌ကနေတော့ သြဂုတ် ၁၂ ရက်က နေစပြီးတော့ မနက် ၆ နာရီ တစ်စီး၊ မနက် ၆ နာရီခွဲတစ်စီး ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်"ဟု ပဲခူးဘူတာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ရန်ကုန်-ပဲခူး DEMU ရထားထပ် တိုးခရီးစဉ်များကို သြဂုတ် ၁၁ ရက်မှ စပြီး ရန်ကုန်ဘူတာကြီးမှ စတင် ထပ်တိုးပြေးဆွဲမှာဖြစ်ပြီး သြဂုတ် ၁၂ ရက်မှာ ပဲခူးဘူတာမှ ထပ်တိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
    ရန်ကုန် - ပဲခူး ရထားခရီးစဉ်ကို RBE ရထားအစား စပိန်နိုင်ငံထုတ် DEMUs တွဲဆိုင်းအသစ်နှင့် အောက်တိုဘာမှာပြောင်းလဲ ပြေးဆွဲပေးလိုက်ခြင်းဖြစ်ပြီး လက်မှတ်ခအနေဖြင့် ခရီးသည်တစ်ဦးကို ရန်ကုန်- ပဲခူး ခရီးစဉ်စဆုံး ကျပ် ၂၅၀၀ နှင့် ခရီးစဉ်တစ်ဝက်ကို ကျပ် ၁၃၀၀ ဖြစ်ကြောင်း သိရသည်။
    ရထားခရီးစဉ်များကို ထပ်တိုးပြေး ဆွဲ‌လိုက်သော်လည်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ပဲခူးဘူတာမှ သိရသည်။
    DEMU ရထားမှာ ထိုင်စီး၊ ရပ်စီး စုစုပေါင်းခရီးသည် ၈၀၀ ကျော်ထိ လိုက်ပါ စီးနင်းသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
    ပဲခူး - ရန်ကုန် - ပဲခူးခရီးစဉ် DEMUs တွဲဆိုင်းနှင့် ရန်ကုန်ဘူတာကြီးမှ ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးထောင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘူရားသုံးဆူ စသည့် ဘူတာ ၁၂ ခု မှာ ရပ်တန့်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ Phyu

Total Views ~ 215

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.