Breaking

ရန်ကုန် - ပုဂံတိုက်ရိုက်အမြန်ရထား အစုန်အဆန် ခရီးစဉ် များကို တစ်ပတ် တစ်ရက်သာ ပြေးဆွဲရန် ပြောင်းလဲသတ်မှတ်

၂၀၂၃ ၊ ဇန်နဝါရီ ၂၄ 

ရန်ကုန် - ပုဂံတိုက်ရိုက်အမြန်ရထား အစုန်အဆန် ခရီးစဉ် များကို တစ်ပတ် တစ်ရက်သာ ပြေးဆွဲရန်  ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မြန်မာ့မီရထားမှ သိရသည်။

ရန်ကုန်-ပုဂံအမြန်ရထား အစုန်/အဆန် ခရီးစဉ်အား နေ့စဉ်ပြေးဆွဲမည်ဖြစ်ကြောင်း ကနဦး အသိပေးကြော်ငြာခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က ရန်ကုန်-ပုဂံ အမှတ်(၆၁)အဆန် အမြန်ရထားအား ပြန်လည်ပြေးဆွဲပေးခဲ့သည်။

သိုသော် စတင်ပြေးဆွဲချိန်တွင် ခရီး သည် လိုက်ပါစီးနင်းမှုအခြေအနေများအရ အမှတ်(၆၁)အဆန် ရန်ကုန်-ပုဂံ ရထားကို အပတ်စဉ်သောကြာနေ့တွင် လည်းကောင်း၊အမှတ်(၆၂)အစုန် ပုဂံ-ရန်ကုန် ရထားကို အပတ်စဉ်တနင်္ဂနွေနေ့များတွင်လည်းကောင်း တစ်ပတ် တစ်ရက်သာ ပြေးဆွဲရန်  ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အမှတ်၆၁အဆန် /၆၂အစုန် ရန်ကုန် - ပုဂံ - ရန်ကုန်အမြန် ရထားအား ရိုးရိုးတန်း ၅တွဲ၊ အထက်တန်းထိုင်ခုံ ၁တွဲ၊ အထက်တန်းအိပ်စင် ၁တွဲ၊ ဘရိတ်တွဲ ၁တွဲတိုဖြင့် တွဲဆိုင်းဖွဲဆင်ပြေးဆွဲပေးမည် ဖြစ်ပြီး ရထားလက်မှတ်ခများမှာ ရိုးရိုး တန်း ၇၂၀၀ကျပ်၊ အထက် တန်းထိုင်ခုံ ၁၄၄၀၀ကျပ်နှင့် အထက် တန်းအိပ်စင် ၁၉၈၀၀ကျပ် တို ဖြစ်ကြောင်း မြန်မာ့မီးရ ထား ၊အ မှတ် (၇)တိုင်း၊ ရန်ကုန်မှ အသိပေးကြေညာထားသည်။

လမ်းခရီးတွင် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြိုပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း၊ ဆင်မြီးဆွဲ၊ ရွှေတံခါး၊ အောင်လံ၊ဆတ် သွား၊ တောင်တွင်းကြီး၊ မြိုသစ်၊ နတ်မောက်၊ လေးအိမ်၊ သာမြှား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး၊ စုတည် စသည့် ၂၃ဘူတာကို ရပ်တန့်ပေးမည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်ဘူတာကြီးအနေဖြင့်အ ထက်တန်းလက်မှတ်များကို ၃ရက် ကြိုတင်၍လည်းကောင်း၊ ရိုးရိုး တန်းလက်မှတ်များကို ၁ရက်ကြိုတင်၍ လည်း ကောင်း လက်မှတ်ရုံများတွင် ရောင်းချပေးသွားမည် ဖြစ် ကြောင်း သိရသည်။

Total Views ~ 448

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61572

© 2022 - 2026 News. All Rights Reserved.