ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးမှုကို ဖြေရှင်းရန် မြေအောက်ချိတ် ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်

နေပြည်တော်၊ မေ ၇
    ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးတိုင်များတွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးမှုများမှာ မြို့နေရာအနှံ ပေါ်ပေါက်နေသဖြင့် အဆိုပါကြိုးများအား သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ ဆက်သွယ်ရေးကုမ္ပဏီများ ပူးပေါင်း၍ (Under Ground Cable Network) ချိတ်ဆက်မှုစနစ်ကို အမြန်ပြင်ဆင် ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားသည်။
    နိုင်ငံတော်သမ္မတ၏ မေ ၂ ရက် ရန်ကုန်တိုင်းဒေသကြီး ခရီးစဉ်လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ‘’ရန်ကုန်မြို့တော် စနစ်တကျရှိစေရေး မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် လမ်းဘေးဝဲယာတစ်လျှောက်ရှိ လျှပ်စစ်မီးတိုင်များနှင့် မီးကြိုးများ စနစ်တကျရှိရန်၊ လျှပ်စစ်မီးတိုင်များတွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးမှုများမှာ မြို့နေရာအနှံ ပေါ်ပေါက်နေသဖြင့် အဆိုပါကြိုးများအား သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ ဆက်သွယ်ရေး ကုမ္ပဏီများ ပူးပေါင်း၍ (Under Ground Cable Network) ချိတ်ဆက်မှုစနစ်ကို အမြန်ပြင်ဆင် အကောင်အထည် ဖော် ဆောင်ရွက်ရန်‘’ပြောကြားခဲ့သည်။
    ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်နှင့်လမ်းများအတွင်း ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေစီးသည့်ပမာဏ (Water Volume) ချိန်ဆခြင်း ရေမြောင်းများအတွက် (Survey) တိုင်းတာခြင်းတို့ကို နည်းပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ အကူအညီရယူ၍ ကွင်းဆင်းပူးပေါင်းစိစစ်ရန်၊ မြောင်းများ ပိတ်ဆို့ခြင်း မဖြစ်စေရေး ရေစီးလမ်းကြောင်းတစ်လျှောက် ဖြောင့်ဖြူး စေရေးအတွက် မသင့်လျော်သော မလိုအပ်သည့် လူကူးတံတားများ၊ သစ်ပင်များ ရှင်းလင်း ခြင်းတို့ကို ဦးစားပေး လုပ်ငန်းအဖြစ်  အမြန်ဆောင်ရွက်ရန်၊ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရာ၌ မြောင်းအကျယ် တစ်သမတ်တည်း ဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ဒီဇိုင်းရေးဆွဲ အတည်ပြုဆောင်ရွက်ရန် ပြောကြားခဲ့သည်။
    ဆက်လက်၍ မြို့နယ်အလိုက် လူဦးရေနှင့်ညီမျှသည့် အပန်းဖြေပန်းခြံများ တည်ဆောက်ရေးအတွက် သတ်မှတ်ညွှန် ကြားချက်များနှင့်အညီ ဒီဇိုင်းရေးဆွဲ အမြန်တင်ပြရန်၊ လမ်းနယ်နိမိတ်များပေါ်တွင် လည်းကောင်း၊ လမ်းဘေး ပလက်ဖောင်းများ ပေါ်တွင်လည်းကောင်း၊ ကျူးကျော်ခြင်း၊ ဆိုင်ဖွင့်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းများ လုံး၀မရှိစေရေး တာဝန်ရှိသူအသီးသီးမှ ဥပဒေနှင့်အညီ စိစစ် ဖယ်ရှားဆောင်ရွက်ရန်၊ ခုံးကျော်တံတား အဆင်းနေရာများ တွင် ပြေပြစ်စေရေး ပေ ၅၀ (AC) ခင်းခြင်း အပါအဝင် (Slop) ပြေအောင် ပြင်ဆင်ဆောင်ရွက်ရန်၊ လမ်းကွန်ကရစ်များလောင်းပါက ဓာတ်တိုင်များ ထည့်သွင်းလောင်းခြင်း မပြုလုပ်ရန်နှင့် နိုင်ငံတော်၏ ဘတ်ဂျက်ကုန်ကျစရိတ်များ မဆုံးရှုံးစေရေး အထူးသတိပြု ကြပ်မတ်ဆောင်ရွက်ရန်၊ ခုံးကျော်တံတားအသစ်ထပ်မံတည်ဆောက်ရန်၊ လျာထားသောနေ ရာများ သက်ဆိုင်ရာဌာနများမှ စနစ်တကျ ဒီဇိုင်းရေးဆွဲ အတည်ပြုနိုင်ရေး တင်ပြရန်၊ လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် အဆင့်မီ ဘောလုံးကွင်းနှင့် ပန်းခြံများ တည်ဆောက်နိုင်ရေး သက်ဆိုင်ရာဌာနများမှ နေရာ6ပုံစံ အမြန်စိစစ်ရေးဆွဲတင်ပြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းနေကြောင်း တွေ့ရှိရသဖြင့် တာဝန်ရှိအဖွဲ့အစည်းများမှ ပူးပေါင်းလျက် လူကူးမျဉ်းကြားများမှ စနစ်တကျ သွားလာစေရေး၊ စည်း ကမ်းမဲ့ ဘတ်စ်ကားများနှင့် တက္ကစီများ စစ်ဆေးရေးယူရေး ဖြည့်စွက် ပြောကြားခဲ့သည်။ ထူးမြတ်

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61982

© 2022 - 2026 News. All Rights Reserved.